| Dear Thang Lian Thang, Warmest greetings to you from all of us. We've attached to this email a special announcement written in Burmese regarding the upcoming event, the 35th Commemoration of Salai Ko Tin Maung Oo, and Salai Ko Tin Maung Oo's biography titled Tin Maung Oo: A Forgotten Hero of Asia (Burmese Version). Have a wonderful day. Sincerely, Mai Po Po and Salai Ko Tin Maung Oo's entire family |


| Chin National Community-Japan |
| Thanks for Visiting |
| ငါ တို့ ကို သင်တို့ ကို ချစ်ခဲ့တယ်ဆိုတာ
မသိချင်ယောင်ဆောင်လို့  မရတဲ့အရာ လောကကြီးထဲမှာ အစိပ္ပါယ်ရှိသော သေချင်းတရားများ လူသာမန်တို့  လက်ခံရင်ဆိုင်နိုင်ရန် ကိုယ်ခံအားကောင်းဘို့  တော့လိုတယ် ။ ခေတ်ကတောင်းဆိုလို့  သမိုင်းကတင်ပေးလိုက်တဲ့ တာဝန်များကို သယ်ပိုး အစိပ္ပါယ်ရှိသော သေချင်းမျိုးနဲ့  ဘ၀ကို အနိုင်ပိုင်းရိုက်ချိုးသွားချင်တယ် …။ ငါ ယုံတယ် ကြိုးစင်ပေါ်ကကြိုး လေအဝှေ့ မှာ ယိမ်းနွဲ့ ခါရမ်းနေကောင်းနေမယ် သူ့ရင်ထဲမှာတော့ နဲနဲလေးမှ မတုန်လှုပ် သေချင်းတရားကို ရှုမြင်သွားပုံက ပန်းတပွင့်  ပွင့် ကြွေ အုပ်စိုးသူလူတန်းစားကို မုန်းတီးမှုက ရင့်လေ ခိုင်မြဲလေ …။ အဲဒီနေ့ က ကမ္ဘာမြေဟာ နာကျည်းကြေကွဲဘွယ်ရာ တေးသွားတပုဒ်ကို ထပ်ခါတလဲလဲ လွှင့်ထုတ်နေတယ် အဲဒီနေ့ အတွက် ငါ… မောင်လေးအောင်ရဲ့ ဖူးချစ်ကသင်တို့ ကို ချစ်ခဲ့သည် ကဗျာတေးသွားအကြိမ်ကြိမ် ပြန်ကြားနေမိတယ် ကြိုးစင်ပေါ်ကမှတ်တမ်းများ ကြောက်ခမန်းလိလိ ငါ့ကို ရိုက်ပုတ်နေတော့တယ် …။ ရိုင်ဖယ်သေနတ်မောင်းတင် လာသူများ မသာလောင်းတွေပေါ်မှာ အာဏာထူထောင်ချင်တဲ့ ကောင်တွေ နဲ့ လက်ဆွဲနှုတ်ဆက်မေ့လျော့ပစ်ဖို့ အလိုမရှိ။ အလိုမရှိ--- အလိုမရှိ - --ဒီနေရာ ဒီဋ္ဌာန မှာ တရားမျှတမှုကိုသာ တောင်းဆိုတယ် နားထောင်စမ်းရဲဘော် တို့--- မကြာခင် ပြည်သူ့အလံတော် ဝဲပျံလာလိမ့်မယ်။ လှိုင်းတံပိုးလို ခုန်ထ တို့ တိုင်းပြည်ရဲ့ အလံတော်ကို ကြေကွဲခြင်းအဝတ်စနဲ့ ချုပ်သီခဲ့ကြပြီ --- တဲ့ ချီလီ ကဗျာဆရာ ဗတ်ပလိုနီရူးဒါးရဲ့ “ပြည်သူ့အလံတော်” ကဗျာထဲမှာ ငါတို့ ရဲ့  နောင်တော် ဆလိုင်းတင်မောင်ဦးရဲ့  ရုပ်ပုံပေါ်လာတယ် ..။ အားလုံးအတွက် တိုက်ပွဲခေါ်သံ ကြိုးစင်ပေါ်က လာတဲ့အသံ ခေတ်တွေကိုပိုင်းဖြတ် ပဲ့တင်ရိုက်ခတ်နေဆဲ သူဟာ တိုင်းပြည်အတွက် သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ သူဟာ ဗကသရဲ့  သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ သူဟာ မျိုးဆက်တိုင်းအတွက် သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ အဲဒိ သူရဲကောင်းရဲ့ စိတ်ဓာတ်နဲ့  အောင်ပွဲရသည့်အထိ တိုက်ပွဲဆက်ရမယ်။ ငါ ယုံတယ် .. သူဟာ … ဆလိုင်းတင်မောင်ဦးဆိုတဲ့ သူရဲကောင်းကြီးဟာ ကြိုးစင်ပေါ်မှာလည်း အပြုံးမပျက် တဲ့ သံမဏိစိတ်ဓာတ်နဲ့  ငါ တို့ ကို သင်တို့ ကို ချစ်ခဲ့တယ်ဆိုတာ …။ ရဲရင့်သက်ဇွဲ ၂၆၀၅၂၀၁၁ |
| အခုချိန်မှာ အပြောင်းအလဲဆို တဲ့ လေပြင်းတိုက်နေပြီး ဒါဟာ အာရပ်ကမ္ဘာ တခုတည်းမှာပဲ ဖြစ်နေမှာ မဟုတ်ဘဲ အပြောင်းအလဲ မလုပ်တဲ့ အစိုးရ |
| These brave last words of his shall forever resound in our hearts: "You can kill my body but you can never kill my beliefs and what I stand for. I will never kneel down under military boots!" ~ Salai Ko Tin Maung Oo June 26, 1976 |
| ကျောင်းသားသူရဲကောင်းကိုတင်မောင်ဦး (ရဲထွဋ်)နယူးယောက်မြို့မေလ(၁) ရက်၊၂၀၁၁ခုနှစ် သတ္တိရှိသောသစ်တပင် -မြက်ကြားကိုင်းကြား၊ ချုံနွယ်ကြားမှာ၊ အားယူလျှက်၊ အညှောင့်ထွက်၍ နွမ်းသွေ့သွေ့နှင့် အလေ့ကျပေါက် အပင်ငယ်……… -နွေရက်ရောက်၍၊ မြက်ခြောက်ကိုင်းခြောက် ညိုးသွေ့ပျောက်လည်း၊ အညှောင့်နုနု နွေကိုတုကာ၊ သေလုသေခင် အသက်ရှင်ဆဲ၊ မြင်ရဆဲ……… -မိုးလဲဝင်ရော၊ မြက်တောနှင့်ကိုင်း နွယ်ပင်ရိုင်းတို့၊ ၀ိုင်းဝိုင်းပတ်လည် ရှင်သန်ကြီးစိုး၊ လွှမ်းအုပ်မိုး၍ အလေ့ကျပင်၊ မမြင်တွေ့တော့ ရှင်မှရှင်သန်သေးရဲ့လား.......... -နွေနွေမိုးမိုး၊ အမျိုးမျိုးဒဏ် အဖိခံရင်း၊ အံကိုတင်းလျှက် အသက်ဆက်ကာ၊ အရွက်ဝါလည်း ကိုင်းဖျားလည်းရှည်၊ ပင်စည်လည်းမြင့် အဆင့်ဆင့်နှင့်ကြီးရင့်လာခဲ့ရပါသည်။ -သို့နှင့်……… နှစ်ပေါင်းလည်းကြာ၊ သည်နေရာထက် မြက်ရိုင်းမတွေ့၊ နွယ်မတွေ့တော့ အလေ့ကျပင်၊ ရွက်နုလွင်၍ ပင်စည်ရင့်ရော်၊ မိုးကိုမျှော်ကာ ကန့်ကော်ပန်းတွေဝေလျှက်......... (မောင်စိန်ဝင်း-ပုတီးကုန်း) ရန်ကုန်တက္ကသိုလ်နှစ်(၅၀)ပြည့်စာစဉ်) |

