


| ချင်းပြည်နယ် ပို့/ဆောက် ၀န်ကြီးနေရာ ဝါရင့် အင်ဂျင်နီယာကိုခန့် ချင်းမိုင်(မဇ္စျိမ) ။ ။ ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်း လစ်လပ်လျက်ရှိသော ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးဝန်ကြီး ရာထူးအတွက် ဝါရင့် မြို့ပြအင်ဂျင်နီယာ ဦးငွန်ဆန်းအောင်ကို ကြာသပတေးနေ့တွင် ကျင်းပသော ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးမှ ခန့်အပ်လိုက်သည်။ အသက် ၅၈ နှစ်အရွယ် ဦးငွန်ဆန်းအောင်သည် ဗဟိုအစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီးအဖြစ်မှ ယခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် အငြိမ်းစားယူခဲ့သူဖြစ်ကာ မည်သည့် နိုင်ငံရေး ပါတီဝင်မှ မဟုတ်ပေ။ ဟားခါးမြို့တွင်ပြုလုပ်သော အမတ် ၂၄ ဦးပါဝင်သည့် အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်ငိုင်းက အမည် စာရင်း တင်သွင်းပြီး သမ္မတဦးသိန်းစိန်က အတည်ပြုပေးသော ဦးငွန်ဆန်းအောင်ကို ကန့်ကွက်သူ မရှိ လက်ခံလိုက်ခြင်း လည်းဖြစ်သည်။ “အရင်ကထက် စာရင်တော့ ကျေနပ်ပါတယ်။ ဒါပေမယ့် သူ ဘယ်လောက်ထိ လုပ်ကိုင်ချင်စိတ် ရှိမလဲ အပေါ် မူတည်မှာပေါ့နော်။”ဟု ချင်းအမျိုးသားပါတီမှ အမတ်တဦးဖြစ်သော ဦးဇိုဇမ်းက မဇ္စျိမကို ပြောသည်။ “ကျနော်တို့ ချင်းပြည်နယ်မှာ အရေးကြီးဆုံးက လမ်းပန်း ဆက်သွယ်ရေးပဲ။ အဲဒါကို နားလည်တဲ့ ပုဂ္ဂိုလ်ကနေ ဖိဖိစီးစီး လုပ်နိုင်မှဘဲ ကောင်းလာမှာပါ။ စေတနာနဲ့ မနားမနေလုပ်ကိုင်ရမယ့် အခြေအနေ ရောက်နေပါတယ်” ဝန်ကြီးစာရင်း တင်ရာ၌ ကြံ့ခိုင်ရေးအမတ် ဦးပူးကွီထန်သည် ဝန်ကြီးအဖြစ်တာဝန်ယူရန် အသက် ၃၅ နှစ် မပြည့်သဖြင့် ချင်းပါတီဝင်များက ကန့်ကွက်ခံရကာ ပယ်ချခံရပြီး ယခုတွင် ပို့/ဆောက် ဌာနအတွက် ခန့်အပ်ခြင်း ဖြစ်သည်။ ချင်းတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးနိုထန်ကပ်ကတော့ “ကျနော်တို့ ဆန္ဒအတိုင်းဆိုရင် ငွေကြေးကုန်ခံပြီးတော့ တိုင်းပြည် အတွက် သိစ္စာရှိပြီးတော့ ပြိုင်ပွဲဝင်တဲ့ ပြည်နယ်လွတ်တော် အမတ်တွေထဲကနေ ခန့်စေချင်တယ်။ ချင်းပြည်နယ်မှာ ဝန်ကြီး ၉ ဦးရှိတယ်။ ဖလန်းကနေ ဝန်ကြီး တဦးမှ မပါဘူး။ အဲတော့ အဲဒီမြို့နယ်ကနေ ရွေးစေချင်တယ်လေ။ ခုတော့ အတည်ဖြစ်သွားပြီဆိုတော့ သူတို့နဲ့ ပူးပေါင်းပြီးတော့  ဆောင်ရွက်ရုံဘဲ ရှိတာပေါ့”ဟု ပြောသည်။ ယခင် ချင်းပြည်နယ် ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဖြစ်သူ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အသက် ၆ဝ နှစ်ရှိ ဦးကျင့်လန်ပေါင်ကို စက်မှုနှင့် လျှပ်စစ်ဝန်ကြီးဌာနသို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောင်းလဲ ခန့်အပ် လိုက်သည်။ ချင်းအမျိုးသားပါတီ CNP က သဘောဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနများကို ထပ်မံ တိုးချဲ့ပေးရန် ပထမဆုံးအကြိမ် ပြည်နယ်လွတ်တော် အစည်းအဝေးတွင် အဆို တင်သွင်းခဲ့သော်လည်း ပြည်နယ် ဝန်ကြီးချုပ်က နောင်မှ ဆွေးနွေးရန် အကြောင်းပြန်ခဲ့သည်။ ယခင်ချင်းပြည်နယ်တွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ ၊သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပို့ဆောင်ရေး၊ လူမှုရေး၊ စက်မှုနှင့် လျှပ်စစ်ဟူ၍ ဌာန ၉ ခုရှိသည်။ အဆိုပါ ဝန်ကြီးဌာနများတွင် ချင်းပါတီများက ဝန်ကြီးတဦးစီသာ ရွေးချယ်ခံရသည်။ ကျန်ဝန်ကြီးနေရာများမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စစ်ဘက်အမတ်များသာဖြစ်သည်။ ဦးငွန်ဆန်းအောင် (ခ) ဦးအောင်အောင် အသက် ၅၈ နှစ်။ ဇာတိ မတူပီ၊ ချင်းပြည်နယ်။ အလုပ်အကိုင် ပြည်နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီး။ အငြိမ်းစားယူသည့်နေ့ စက်တင်ဘာလ ၁၃ ရက်၊ ၂ဝ၁၁ ခုနှစ်။ ကိုးကွယ်သည့် ဘာသာ ခရစ်ယာန်။ ပါတီ မရှိ။ ပညာအရည်အချင်း Bachelor of Engineering (BE) မြို့ပြ အင်ဂျင်နီယာဘွဲ့။ ဇနီး ဒေါ်ဘုန်မွမ်း။ သားသမီး ၅ ဦး။ လိပ်စာ ဈေးဟောင်းရပ်ကွက်၊ ဟားခါးမြို့ ဦးကျင့်လျန်ပေါင် အသက် ၆ဝ နှစ် ပါတီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဇာတိ တွန်းဇမ်မြို့နယ် သာဘာ ခရစ်ယာန် အလုပ်အကိုင် ကုန်သည် ပညာအရည်အချင်း ၁ဝ တန်း(ခ) ဇနီး ဒေါ်ညောင်လန်းနွမ်းကျိန် သားသမီး ၈ ဦး ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်များ ဦးဟုန်းငိုင်း ဝန်ကြီးချူပ် ၁။ ဦးနိန်းနိုင်း စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု ၂။ ငွန်ဆန်းအောင် ပို့ဆောင်ရေး ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ၃။ ဦးနန်ဇမုန်း ဘဏ္ဍာရေးနှင့် စီမံကိန်း ၄။ ဒေါက်တာဘမောင် လူမှုရေး (ရှေးဟောင်းသုတေသန ဦးစီးဌာန) ၅။ ဦးဗန်ထောင် စိုက်ပျိုးရေး ၆။ ဗိုလ်မှူးကြီးဇော်မင်းဦး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၇။ ဦးရမ်မန်း စီးပွားရေးဝန်ကြီး ၈။ ဦးကျော်ငြိမ်း စွမ်းအင်၊ သတ္တုနှင့် သစ်တော ၉။ ဦးကျင့်လျန်ပေါင် စက်မှုနှင့်လျှပ်စစ် |
| Suu Kyi Says End of Sanctions Depends on Govt |
| Rapporteur on Rights and Reforms |
| National Endowment for Democracy Mr. Brian Joseph and Daw Aung San Suu Kyi |
| ============================================================================================================================================================== |




| ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်။ (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ Toshima-ku, Ikebukuro KOKAIDO - Hall တွင် ယနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မှ စတင်၍ ဂျပန်နိုင်ငံရှိ တိုင်းရင်းသားများ အဖွဲ့အစည်းတို့မှ စုပေါင်း၍ ကျင်းပ ပြုလုပ်ခဲ့ပါသည် အဆိုပါ အခမ်းအနားတွင် အပိုင်း ၂ပိုင်းခွဲကာ ကျင်းပပြုလုပ်ပြီး ပထမပိုင်းအစီအစဉ်တွင် ပင်လုံစာချုပ် နောက်ခံသမိုင်းများ ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ပင်လုံစိတ်ဓါတ် ပြည်ထောင်စုစိတ်ဓါတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အနာဂတ် တည်ဆောက်လို့သည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ ပေါ်ပေါက်ရေး စသည့် အကြောင်းအရာတို့ကို တက်ရောက် လာကြသည့် တိုင်းရင်းသား ကိုယ်စားလှယ်တို့မှ အသီးသီး ဆွေးနွေးခဲ့ကြပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် အထူးဧည့်သည်တော် လက်ရှိအာဏာရပါတီ ဂျပန် အောက်လွတ်တော် အမတ် Mr.Naoto SAKAGUCHI ၊ ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် RENGO(JTUC) နိုင်ငံခြားရေး တာဝန်ခံ Mr.Hitoshi TAKEZUME တို့မှ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယပိုင်း အခမ်းအနား အစီအစဉ်မှာ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့မှ တေးသီချင်းများ ရိုးရာ ယဉ်ကျေးမှု အက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် သွားခဲ့ကြပြီး ည ၈း၀၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။ ပြည်ထောင်စုနေ့ အခမ်းအနားမှ ဆွေးနွေးချက်များအပေါ် ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းမှတ်တမ်း။ Mai Kyaw Oo မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ ရုပ်သံအစီအစဉ်များကို ဆက်လက် ဖေါ်ပြသွားမည် ဖြစ်ပါသည်။ copy from www.pnsjapan.org |
| (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ |
| 65th UNION DAY ( NLD Yangoon ) |
| CLICK More |
| Click More |