

| Chin National Community-Japan |
| Thanks for Visiting |
| The reformed SPDC's New Parliaments couldn't convey our country to Federal Union . ..CNC-Japan |
| We stand with National League for Democracy Burma |
| CRPP,Ethnic Chin National Day held at NLD head office |
| Ethnics in Burma Burma |
| Tsurumi University Symposium "Dental Treatment Support for Asylum Seekers" Co-hosted by UNHCR,TsurumiUniv,FRJ |
| အခုချိန်မှာ အပြောင်းအလဲဆိုတဲ့ လေပြင်းတိုက်နေပြီး ဒါဟာ အာရပ်ကမ္ဘာ တခုတည်းမှာပဲ ဖြစ်နေမှာ မဟုတ်ဘဲ အပြောင်းအလဲ မလုပ်တဲ့ အစိုးရ |
| (ဂျပန်) Association of United Nationalities in Japan, AUN-Japan ၏ ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် အလုပ်အမှုဆောင် ကော်မတီသစ် ရွေးချယ် |
| AUN-JAPAN 2011 |
| တင်ပြ 2011-07-12 ဂျပန် အစိုးရက မြန်မာနိုင်ငံကို ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွါးရေး အကူအညီတွေ ပြန်ပေးဖို့ စဉ်းစားနေတယ် ဆိုတဲ့ အချက်ကို ပြန်လည် သုံးသပ်သင့်ကြောင်း ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။ ဂျပန်လွှတ်တော်တွင် မြန်မာ့အရေး ဆောင်ရွက်သော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ အမတ်တဦးဖြစ်သူ Kono Astuma က ဦးဆောင်ပြီး မြန်မာ့အရေးကြားနာပွဲ တရပ်ကို ဂျပန်လွှတ်တော် အဆောက်အဦ တခုတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပနေပုံ။ ဓါတ်ပုံ - nldlajb.blogspot မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဦးတည်နေတဲ့ အစိုးရသစ် တရပ် ပေါ်လာတာကြောင့် ဂျပန် အစိုးရက မြန်မာနိုင်ငံကို ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွါးရေး အကူအညီတွေ ပြန်ပေးဖို့ စဉ်းစားနေတယ် ဆိုတဲ့ အချက်ကို ပြန်လည် သုံးသပ်ဖို့ဂျပန်လွှတ်တော်အတွင်း ဒီကနေ့ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။ တိုကျိုမြို့ ဂျပန်လွှတ်တော် အဆောက်အဦတွင်း ကျင်းပတဲ့ အဲဒီ ဆွေးနွေးပွဲကို NDB မြန်မာ့ ဒီမိုကရေစီ ကွန်ယက်၊ KWAJ ကချင် အမျိုးသမီး အစည်းအရုံး (ဂျပန်) နဲ့ Burma-Info NGO အဖွဲ့ဝင်တွေ တက်ရောက်ပြီး ဂျပန်နိုင်ငံဘက်က GIREN ဂိရင်ခေါ် မြန်မာ့အရေး ထောက်ခံသော ဂျပန် အမတ်များ သမဂ္ဂ အဖွဲ့ဝင် ဂျပန်လွှတ်တော် အမတ်တွေနဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေ စုစုပေါင်း (၂၀)ကျော် တက်ရောက်ကြောင်း သိရပါတယ်။ အစိုးရရဲ့ အထက်မှာ စစ်ကောင်စီဆိုတာရှိနေတဲ့အတွက် မြန်မာနိုင်ငံဟာ အများမျှော်လင့်သလို ဒီမိုကရေစီ နိုင်ငံ အဖြစ်ကို မရောက်နိုင်သေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို မသွားနိုင်ပဲ ဆန့်ကျင်သူ မှန်သမျှကို ဖိနှိပ် ချေမှုန်းမယ်ဆိုတဲ့ အယူအဆနဲ့ သွားနေတဲ့အတွက် တိုင်းရင်းသားများနဲ့ ပြည်တွင်းစစ် ဖြစ်ပွါးနေကြောင်း၊ ဒီစစ်အတွင်းမှာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ရရှိတဲ့ လက်နက်တွေ အပြင် ဓါတုလက်နက်တွေကို အသုံးပြုနေတယ် ဆိုတဲ့ အထောက်အထားများကို ရှင်းလင်း တင်ပြခဲ့ကြောင်း တိုကျို မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမင်းညို က ပြောပြပါတယ်။ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန ကတော့ ကချင် စစ်ပွဲဒေသနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ သတင်း အချက်အလက် အပြည့်အစုံ မရသေးကြောင်း၊ စစ်ပြေး ဒုက္ခသည်တွေကို ကုလသမဂ္ဂ အဖွဲ့တွေက တဆင့် ကူညီဖို့ စဉ်းစားသွားမည့်အကြောင်း ပြန်လည်ပြောဆိုတယ်လို့ သိရပါတယ်။ ဂျပန်လွှတ်တော် ကြားနာပွဲမှာ ဆွေးနွေးကြတာနဲ့ ပတ်သက်ပြီး RFA ၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်ရဲ့ စုစည်းတင်ပြချက် အပြည့်အစုံကိုနားဆင်ပါ။ news from RFA |
| ---------- From: Tokyo, Japan JPNTO Protection Unit <JPNTOPU@unhcr.org> Subject: Transportation reimbursment To: "Tokyo, Japan JPNTO Protection Unit" <JPNTOPU@unhcr.org> Dear RCCJ members, We are writing to confirm the details of the transportation reimbursement for the AGDM Participatory Assessment this coming Sunday. Please be advised that since the reimbursement is being provided for the purpose of the AGDM Participatory Assessment, people who arrive at the venue after 11:00 will not be reimbursed. For those who are traveling to the venue from a location within Tokyo, reimbursement will be set at 1000 yen. A receipt is not necessary. For those who are traveling from a location outside of Tokyo, reimbursement will cover the most economical route from the station closest to the place of residence to Komaba Todai-mae station. Any request for reimbursement exceeding 2000 yen requires advance approval from UNHCR. Please note that a receipt is necessary. Thank you for your understanding of these conditions. Kind regards, Protection Unit, UNHCR RCCJ の皆様、 交通費の支払いに関して 1.午前11時を過ぎて会場に到着された方には、交通費 の支給はされません。 2.東京都内からお越しの方に関しましては、一律千円が 支払われます。その際、レシートは必要ありません。 3.東京都より遠方からお越しの方に関しましては、最寄 り駅から駒場東大前駅までの最も安価な経路の料金をお 支払い致します。レシートが必要となりますのでご注意 下さい。二千円を越えるお支払いに関しましては UNHCRによる事前の承認が必要となります。 ご協力を有難うございます。 UNHCR法務部 |
(日本語の説明が後に続きます) We are pleased to announce the results of the elections to RCCJ’s 2011-2012 Board: Secretary General: Marip Seng Bu Deputy Secretary General: Myo Myint Swe Treasurer: John Myo Aung Secretary: Thomas Gon Aung Public Relations Officer: Anthony Nanyumba Cultural/Entertainment Officer: Peter Bran Saing and Saw Ba Hla Thein* Research/Website Officer: Charles Yende * Two candidates for Cultural/Entertainment Officer received equal numbers of votes. The new Board will determine how to proceed. We wish to thank everyone for their participation, and we also wish to encourage everyone – new and old Board members, candidates, and supporters – to contribute to RCCJ ’s valuable work on behalf of refugees, and those in refugee-like situations, across Japan. Finally, we wish to express our gratitude for the privilege of serving you on this important occasion. This e-mail account will now be closed. With congratulations and best wishes, 2011 Elections Committee Prof. Satoshi Nagasaka Ms. Mieko Ishikawa Ms. Shikiko Masutomi Mr. Dennis Nederman --
2011年ねん―2012年ねんのRCCJの役員選挙やくいんせんきょの結果けっか をお知しらせいたします。 事務局長じむきょくちょう:マリップ セン ブ 事務次長じむじちょう:ミョー ミン スウェ 会計委員かいけいいいん:ジョン ミョー アウン 書記しょき:トマス ゴン アウン 渉外委員しょうがいいいん:アンソニー ナニュンバ 文化ぶんか・厚生委員こうせいいいん:ピーター ブラン サイン 及び ソー バ ラ テイ ン* 電算でんさん・研究委員けんきゅういいん:チャールズ イエンデ *文化ぶんか・厚生委員こうせいいいんにつきましては二人ふたりの候補者こうほ しゃが同率どうりつであったため、新あたらしい役員やくいんによりその処遇しょぐ うが決定けっていされます。 選挙せんきょにご参加さんかいただいた皆様みなさま、ありがとうございました。 RCCJが全国ぜんこくの難民なんみんまたは難民類似なんみんるいじの状況じょう きょうにある人々ひとびとのために行おこなっている活動かつどうに、新旧役員しん きゅうやくいんや候補者こうほしゃ、支援者しえんしゃの皆様みなさまが今後こんご もご献身けんしんなさることを祈願きがんいたしております。 最後さいごに、このような重要じゅうような行事ぎょうじに際さいしまして、お手伝 てつだいさせていただきましたことを心こころより感謝申かんしゃもうし上あげま す。 なお、このメールアドレスはこれをもちまして削除さくじょされます。 2011年ねん 選挙委員会せんきょいいんかい 石川美絵子いしかわみえこ 永坂哲ながさかさとし 桝富志貴子ますとみしきこ デニス・ネダマン |
| (35th) Anniversary Commemoration of Salai Tin Maung Oo Canada and Tokyo ,Japan 26 June 2011 |
| ဒေါ်အောင်ဆန်းစုကြည် နှင့် သမတ ဦးသိန်းစိန် တို့၏ မိန့်ခွန်းများ |
ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် တိုင်းရင်းသားတွေ လက်မခံ 2011-08-18 သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC က လက်မခံ ငြင်းဆန်လိုက် ပါတယ်။ democracy for burma မွန်ပြည်သစ်ပါတီရဲ့  ခေါင်းဆောင်တစ်ဦးလည်းဖြစ် UNFC ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာ။ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေရပ်ပြီး သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဗဟိုအစိုးရက ညွှန်ကြားထားပြီး ဖြစ်သလို၊ ဗဟိုအစိုးရက အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ပေးမယ်လို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ စီးပွါးရေး၊ လူမှုရေး နယ်ပယ်တွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က ပြောလိုက်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ UNFC အတွင်းရေးမှူး နိုင်ဟံသာက သူတို့ အဖွဲ့တွေ အနေနဲ့ တပေါင်းတစည်းတည်း တွေ့ဆုံ ဆွေးနွေးမှုပဲ လိုလားကြောင်း RFA ကို အခုလို ပြောပါတယ်။ "read more |

| ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။ |

| ကိုယ့်အမည် ကိုယ်ရေး ကိုယ့်မဲ ကိုယ်လိမ်ခဲ့တဲ့ သိန်းစိန်တို့ ရဲ့  လုပ်ရပ်တွေကို မမေ့ပျောက်ကြပါနဲ့ ။ အာဏာရူးဆိုတာ သေတောင် အာဏာကို လက်မလွှတ်ဖူး http://niknayman-niknayman.blogspot. com/ |
| ၂၀၁၀ ဖေဖော်ဝါရီလ အပြီးမှာတော့ စစ်ခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုဖွဲ့ပြီး စုံစမ်းဖို့ မစ္စတာ ကင်တားနားက လူ့အခွင့်အရေး ကောင်စီကို အကြံပြုထားတာလည်း ဖြစ်ပါတယ်။ |
| Monday, August 22, 2011 ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် စတင်ပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား နိုင်ငံနဲ့ ပြည်သူလူထု အကျိုးအတွက် လက်ရှိအစိုးရနဲ့ နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ် စတင်ပြီလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး မှာ ခုလိုပြောကြား တာလို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦး အုန်းကြိုင်က ပြောပါတယ်။ “သူ့မှတ်ချက်က အားရကျေနပ်မှု ရှိပါတယ်။ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးအတွက် ဆက်လက်ပြီးတော့ ပူး ပေါင်း ဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တခု စပြီလို့ သူ့အနေနဲ့ ယုံကြည်တယ်လို့ သူပြောပါတယ်။ အသေးစိတ် ဆွေးနွေးတဲ့ အချက်တွေတော့ ခုချိန်မှာ မပြောနိုင်သေးဘူးခင်ဗျ။” ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့ရက်ပိုင်းအတွင်း သမ္မတဦးသိန်း စိန်နဲ့ တွေ့ဆုံဆွေး နွေးခဲ့သလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြုပြင် ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ် ရုံဆွေးနွေးပွဲ တက် ရောက်ခဲ့ပြီးနောက် ခုလိုထုတ်ဖော် ပြောကြား လာတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ တွေ့ဆုံဆွေးနွေးမှု၊ စီးပွားရေးအလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ပြီး ပြည် ထောင်စုဝန်ကြီးတွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုထောက်ခံကြောင်း ဒီနေ့ထုတ်ပြန်တဲ့ အဖွဲ့ ချုပ် ကြေညာချက် မှာ ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်နဲ့ နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ပြည်သူတရပ်လုံးရဲ့ လိုအပ်ချက်ဆန္ဒအတိုင်း ဖြည့်ဆည်းပေးတဲ့ အနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ ကြပါတယ်။ သတင်းရင်းမြစ် - ဒီဗီဘီ |
| အဓိကအချက်ကတော့ NLD ပါတီ မသေဖို့ ဖြစ်တယ် 22August 2011 August 21, 2011 ဦးဝင်းတင်နဲ့ အင်တာဗျူး "အခုတကြိမ်မှာကျတော့ သူတို့ဖက်က သုံးနှုံးတဲ့ စကားလုံး ကိုယ်တိုင်မှာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုလို့ သုံးစွဲလာတယ်။ ဒါက ဘာပြသလဲဆိုတော့ သူတို့အစိုးရဖက်မှာကို ကွဲပြားတဲ့ သဘောထား ၂ရပ် ဖြစ်နေတာကို တွေ့ရတယ်" ယမန်နေ့ (သြဂုတ် ၁၆)က မြန်မာပြည်ရဲ့ အတိုက်အခံ ပါတီ NLD ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ တွေ့ဆုံ စကားပြောခွင့် ရခဲ့ပါတယ်။ အဲသည်မှာ အများက စိတ်ဝင်စားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့ အစိုးရသစ် တွေ့ဆုံပွဲကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူး ခရီးစဉ် စတာတွေကို မေးမြန်းဖြစ်ပါတယ်။ မေး - ယခင်အပတ်က ပဲခူးကိုသွားခဲ့တဲ့ ခရီးစဉ်က အရင်ပုဂံ ခရီးစဉ်လိုမျိုး ပုဂ္ဂိုလ်ရေး ခရီးစဉ်မျိုးပဲလား ခင်ဗျ။ ဖြေ - ကျနော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ်မေလကုန်က စတင်ပြီးတော့ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီးချိန်ကစလို့ ယခု၂၀၁၀ နိုဝင်ဘာလ လွတ်မြောက် လာပြီးတဲ့ နောက်ပိုင်း ပထမဦးဆုံး အကြိမ် နိုင်ငံရေး ခရီးစဉ်လို့ ပြောချင်တယ်။ ဒါက NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ နိုင်ငံရေး ခရီးလို့ ကျနော်တို့ဖက်က သုံးနှုံးပါတယ်။ အဖွဲ့ချူပ်ရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးတင်ဦး ကိုယ်တိုင် လိုက်ပါတဲ့ ခရီးဖြစ်တယ် ဆိုတာကို တွေ့ရတယ်။ မေး - ဆိုတော့ လက်ရှိ အာဏာရ အစိုးရက ခရီးစဉ်ကို ဘယ်လိုမျိုး တုန့်ပြန်တာမျိုး၊ ဆောင်ရွက် ပေးတာမျိုး ရှိတယ်လို့ ပြောနိုင်လဲ။ ဖြေ - လက်ရှိ အာဏာပိုင်တွေက ပြေပြေလည်လည်နဲ့ လိုက်လိုက်လျောလျော လုပ်ပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ကျနော်တို့ ဖက်ကလည်း လက်ခံတယ်။ အောက်ခြေပိုင်းက လုံခြုံရေး တာဝန် ယူသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို နွေးထွေး တက်ကြွစွာနဲ့ ကာကွယ် စောင့်ရှောက်မှုတွေ ပြုလုပ်ကြတာကို တွေ့ရပါတယ်။ ဦးတင်ဦး ကိုယ်တိုင်ကလည်း မိန့်ခွန်း ပြောဆို တာတွေလည်း ရှိပါတယ်။ ဒါတွေက ကြည့်လိုက်လို့ရှိရင် NLD ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ခရီးစဉ် ဆိုတာ လွန်ခဲ့တဲ့ ၇ နှစ် ဒီပဲယင်း အရေးအခင်း မတိုင်ခင်က အခြေအနေမျိုးလိုမျိုး ပြန်မြင် တွေ့ရတယ်လို့ ပြောလို့ရပါတယ်။ မေး - ဟုတ်ကဲ့။ နောက်တချက်ကတော့ လက်ရှိပြည်ထောင်စု ၀န်ကြီးတဦးဖြစ်တဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အပေါ်မှာကော တိုးတက်မှုတွေ၊ ကောင်းမွန် မှုတွေဆိုတာက ၂ ဖက်စလုံးမှာ ဖြစ်ပေါ်နေတယ်လို့ မြင်ပါသလား။ ဖြေ - အဲသည်မှာ တခု အရင်ပြောချင်တာက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတဲ့ အချက်တခုပေါ့လေ။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိပြည်ထောင်စုဝန်ကြီးက လက်ခံတွေ့ဆုံတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ပြည်ထဲရေးဝန်ကြီးဆီကို ပန်ကြားချက်အရ ဦးအောင်ကြည်နဲ့ တွေ့ခွင့်ရတာဖြစ်တာလိုမျိုး ပြောတယ်။ နောက်ပြီးတော့လည်း NLD ပါတီရဲ့ လှုပ်ရှားမှုတွေကို လက်ရှိအခြေအနေမှာ သူတို့ဖက်က စိတ်ကောင်း စေတနာကောင်းနဲ့ ကြည့်ထားမယ်။ ဒီအတိုင်း မျှောထားမယ်လိုမျိုးလည်း ပြောတယ်။ ဒါပေမယ့် နောက်ဆုံးကျရင်တော့ NLDပါတီဟာ မှတ်ပုံတင်ရမယ်လို့ ပြောတာမျိုးတွေ ရှိတယ်။ သို့သော် တဖက်ကလည်း လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေတယ်။ အရင် ပထမတွေ့ဆုံပွဲအပေါ်မှာ ကျနော်က ဦးအောင်ကြည်ဟာ လက်ရှိအစိုးရရဲ့ ဆက်သားပဲလို့တောင် သုံးနှုံးဖူးတယ်။ ဒါပေမယ့် အခုတကြိမ်မှာကျတော့ သူတို့ဖက်က သုံးနှုံးတဲ့ စကားလုံး ကိုယ်တိုင်မှာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုလို့ သုံးစွဲလာတယ်။ ဒါက ဘာပြသလဲဆိုတော့ သူတို့အစိုးရဖက်မှာကို ကွဲပြားတဲ့ သဘောထား ၂ရပ် ဖြစ်နေတာကို တွေ့ရတယ်လို့ ပြောချင်တယ်။ မေး - ဆိုတော့ အခု တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆိုတာဟာ တသီးပုဂ္ဂလ တွေ့ဆုံပွဲတွေ မဟုတ်ဘူး ဆိုရင် NLD ပါတီရဲ့ စီအီးစီတွေ၊ ခေါင်းဆောင်တွေနဲ့ တင်ပြတာတွေ၊ တိုင်ပင် ဆွေးနွေး တာတွေကိုကော ဒေါ်အောင်ဆန်းစုကြည်က လုပ်ပါသလား။ ဖြေ - လုပ်ပါတယ်။ အရင်တုန်းက ပထမအကြိမ် တွေ့ဆုံပွဲ ဖြစ်ခဲ့စဉ်က အချိန်အကန့်အသတ်အရ အခြေအနေအရ ပါတီ ဦးဆောင်သူတွေထဲက ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို အသိပေးခဲ့တယ်၊ ပြောဆိုခဲ့တယ်။ အခု ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ NLD ပါတီက စီအီးစီတွေ အားလုံးကို အသိပေး တိုင်ပင်တာ၊ တင်ပြတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လဲ ပါတီအနေနဲ့ ပြည်သူတွေကို ထုတ်ပြန် အသိပေးပါတယ်။ မေး - ဆရာတို့ပါတီထုတ်ပြန်ချက်ကလည်း ဒေါ်စုနဲ့ ဦးအောင်ကြည် ပူးတွဲ ထုတ်ပြန်ချက်ကို လက်ခံတယ် ဆိုတာလောက်ပဲ ဖြစ်နေတယ်လေ။ မြန်မာပြည်သူတွေ ကိုယ်တိုင်က သည်ထက် ပိုပြီးတော့ သိချင်တာတွေ ရှိနေတယ်။ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ လက်ရှိမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့၊ ခံစားနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ လိုလားချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က တင်ပြ တောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ မရှိဘူးလား။ နည်းနည်းတော့ သိချင်ကြတာပေါ့ ဆရာရယ်။ ကျနော်တို့ အပါအ၀င်ပေါ့။ ဖြေ - အခုအချိန်မှာ ကျော်ဆန်းတို့ အစိုးရတဖက်က သဘောထားတွေ ထုတ်ပြန်နေချိန်၊ တဖက်ကလည်း ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေချိန်မှာ ကွဲပြားမှုတွေကြားထဲမှာ ဆွေးနွေးနေတာဖြစ်တယ်။ အဲသည်လိုအခြေအနေတွေထဲမှာ ကျနော် ပြောလို့ရသလောက် ပြောရမယ် ဆိုရင် - ကျနော်တို့ အဓိကအချက်ကတော့ NLD ပါတီ မသေဖို့ ဖြစ်တယ်။ NLDကို ကွယ်ပျောက်သွားခြင်း မရှိစေရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ် ထို့အတူ NLDပါတီ ခေါင်းဆောင်လည်း ဖြစ်တယ်။ ဒါကြောင့် NLD ပါတီဟာ မသေစေရဘူး။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ပြောင်းလဲ ရပ်တည်ခြင်းမျိုး မဖြစ်စေရဘူးလို့ ကျနော်တို့က သဘောထားကို ကိုင်စွဲထားတယ်။ မေး - နောက်အချက်တွေအနေနဲ့ ဆရာတို့ပါတီ အပါအ၀င်ပေါ့လေ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လုံးဝ လွတ်မြောက်ရေး၊ ကူညီစောင့်ရှောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ပွဲတွေ ပပျောက်ရေး၊ ပြည်ထောင်စုအရေး၊ လူ့အခွင့်အရေးတွေအားလုံး အာမခံချက် ရရှိရေး၊ ကာကွယ် စောင့်ရှောက်နိုင်ရေး စတဲ့အချက်တွေပေါ့လေ။ ဒါတွေကို ဆရာတို့ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်တွေ၊ ဒီမိုကရေစီကွန်ယက်တွေ၊ လူမှုကွန်ယက်တွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုက တစိုက်မတ်မတ် တောင်းဆိုနေတယ်။ လှုပ်ရှားနေတယ်။ လှုံ့ဆော်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှု၊ တင်ပြမှု၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောနိုင်မလား။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ ယခင်က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဆရာတို့ ကိုယ်တိုင်လည်း ပြောခဲ့တယ်။ အဲသည် ၉၀ ရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ် ပြုကြရမယ် ဆိုတာမျိုးတွေ ပေါ့လေ။ ဖြေ - ကျနော့်အနေနဲ့ ပြောနိုင်သလောက် ပြောရရင်တော့ ကျနော်တို့တွေ အထက်က ခင်ဗျားပြောတဲ့ ကိစ္စတွေကို ဆွေးနွေးပါတယ်။ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျနော်တို့က အသေးစိတ် ထုတ်ဖော်ပြောဆိုတာတွေ မလုပ်နိုင်သေးပါဘူး။ သို့သော် အထက်ကပြောခဲ့သလို NLDရပ်တည်ချက် ပျောက်ပျက်မသွားဘူး။ NLD သေမသွားဘူး ဆိုတဲ့ အနေအထားနဲ့ ရပ်တည်ချက်နဲ့ ကျနော်တို့တတွေ ဆက်လက်ပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်လို့တော့ ပြောနိုင်ပါတယ်။ မေး - ဒါဆိုရင် ဟိုးအရင်တုန်းက ၂၀၀၇ သံဃာ့အရေးအခင်းအပြီးမှာ နိုင်ငံတကာနဲ့ မြန်မာပြည်သူလူထုရဲ့ ဖိအားတွေကြောင့် ဗိုလ်သန်းရွှေလက်ထက်မှာ တွေ့ဆုံဆွေးနွေးဖို့ သူ့ဖက်ကတောင်းဆိုခဲ့သလိုမျိုး အတိုက်အခံဖက်က ဒီအချက် ဒီအချက်တွေကို စွန့်လွှတ်မှ၊ ဒါတွေကို လျှော့မှ တွေ့ဆုံဆွေးနွေးမယ်လို့ ကြိုတင်စည်းမျဉ်းတွေ သတ်မှတ်ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ အခုဒီတခေါက်က အဲသည်လိုမျိုး တဖက်သတ် ကြိုတင် သတ်မှတ်ချက်တွေကို လက်ခံပြီး တွေ့ဆုံတာမျိုး မဟုတ်ပါဘူးလို့ ပြောနိုင်မလား ဆရာ။ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေက ၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်တယ်၊ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတယ်လို့ ကြိုတင်သတ်မှတ်ချက်တွေကို ခံဝန်ကတိပေးပြီးမှ သူတို့တွေ ရွေးကောက်ပွဲ ၀င်ခဲ့ကြတာမျိုးတွေ ရှိခဲ့တယ်။ အခု တွေ့ဆုံ ဆွေးနွေးပွဲ ဆိုတာ ၂ ဖက်စလုံးအတွက် အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲလား ဆရာ။ ဖြေ - အခုအချိန်မှာတော့ ကျနော့်အနေနဲ့က စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဆွေးနွေးတဲ့အထဲမှာလည်း NLDရဲ့ ပါတီရပ်တည်ချက် ရှင်သန်နေရေး၊ ၉၀ ရွေးကောက်ပွဲ အသိအမှတ်ပြုနိုင်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး စတာတွေကို ဆွေးနွေးနေပါတယ်လို့ ပြောလို့ရပါတယ်။ မေး - ဟုတ်ပါပြီ။ တွေ့ဆုံ ဆွေးနွေး အဖြေရှာနေပြီ ဆိုမှာတော့ လူထုလှုပ်ရှားမှုတွေ လှုံ့ဆော်မှုတွေက ဆက်လက်ပြီး လိုအပ်နေဦးမှာလား ဆရာ။ အထက်မှာ ပြောခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ သူတို့တွေကို မိသားစုတွေကို ကူညီ စောင့်ရှောက်အားပေးဖို့ လှုပ်ရှားမှုတွေ ရှိနေတယ်။ လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ တောင်သူလယ်သမားအရေး၊ ကိစ္စတွေ အာမခံချက် ရှိဖို့၊ ကာကွယ် စောင့်ရှောက်ဖို့၊ ချိုးဖောက်မှုတွေကို ထုတ်ဖော် တားဆီးဖို့တွေ လုပ်ဆောင်နေကြတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်။ တိုင်းရင်းသားတွေ အိုးမဲ့အိမ့်မဲ့ စွန့်ခွာနေရတယ်။ အထွေထွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကျပ်အတည်းတွေ ပြသနာတွေ ရှိနေတယ်။ ဒါတွေအတွက် ဆရာတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဦးဆောင်ပြီး လမ်းညွှန်မှုတွေ ပေးခဲ့တယ်။ လူထုလှုပ်ရှားမှုရဲ့ အခန်းကဏ္ဍကို ဘယ်လို သဘောထားမလဲဆရာ။ ဖြေ - ကျနော့်အနေနဲ့ ပြောနိုင်တာကတော့ တွေ့ဆုံဆွေးနွေးပွဲဟာ အစိုးရကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ပါတယ်။ မြန်မာပြည်သူ လူထုနဲ့ တိုင်းရင်းသားအရေး ကိစ္စတွေကိုပါ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အဲသည်အချိန်မှာ ပြည်သူလူထုတွေ တိုင်းရင်းသားတွေရဲ့ ပကတိ လှုပ်ရှားမှုတွေ၊ အသံတွေ၊ လှုံ့ဆော်မှုတွေကို ကျနော်တို့က ဘာမှ ကန့်ကွက်စရာ တားဆီးစရာ မလိုဘူးလို့ မြင်ပါတယ်။ ဒီလိုမျိုး မြန်မာပြည်သူ လူထုတွေရဲ့ လှုပ်ရှားမှုတွေ၊ လှုံဆော်မှုတွေ၊ စည်းရုံးနေကြတာတွေကလည်း တွေ့ဆုံ ဆွေးနွေးရေးကို ဆက်လက်ပြီး အထောက်အကူဖြစ်တယ်။ နိုင်ငံရေးအရ လူထုရဲ့ လှုပ်ရှားမှုတွေ အသံတွေ တောင်းဆိုမှုတွေကို ကျနော်တို့တတွေ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နားထောင်နေပြီးတော့ နားစွင့်နေပြီးတော့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ကိုင်ဖို့ လိုအပ်နေတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။ မူရင်း - ဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ၊ သြဂုတ် ၁၇၊ ၂၀၁၁ http://moemaka.blogspot.com/ |



| ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင်ဒဏ် ၁၀ နှစ်ချခံရ NLD လူငယ်တွေရဲ့ BG သွေး ကူညီရေး အဖွဲ့က ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အီလက်ထရောနစ် ပုဒ်မ ၃၃ (က) နဲ့ အင်းစိန်ထောင် အထူး တရားရုံးကနေ ထောင်ဒဏ် (၁၀) နှစ် ဒီနေ့ချမှတ် လိုက် ပါတယ်။ RFA news |
| Saturday, August 27, 2011 ခုခံကာကွယ်စစ်အ ရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ ဆွေးနွေး August 26, 2011 ။ နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံဘဲ စစ်အစိုးရ လက်ထက်ကနေ ခုအစိုးရအထိ ပြန်လည် တိုက်ခိုက်နေတဲ့ အက်စ်အက်စ်အေ (ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော်)နဲ့ ဒီကေဘီအေ (တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်) တို့ တွေ့ဆုံပြီး မြို့တွင်း တိုက်ပွဲ ဆင်နွှဲပြီး ခုခံကာကွယ်စစ် တိုးမြှင့်မယ်လို့ သတင်းရရှိပါတယ်။ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော စစ်ဆင်ရေးမှူး ဗိုလ်မှူးစောစန်းအောင်က ခုလို ပြောပြပါတယ်။ “အက်စ်အက်စ်အေ တပ်မှူးကြီးတွေနဲ့ ကျနော်တို့ဆီက ဗျူဟာမှူးအဆင့်ရှိတဲ့ ဗိုလ်မှူးကျော်သက်နဲ့ သွားတွေ့တယ်။ ညှိနှိုင်းတယ်။ လာမယ့် အနီးကပ်ဆုံး အနာဂတ်မှာ အာဏာရှင်စနစ် ပြိုလဲဖို့အတွက် ဘယ်လို တိုက်မလဲ၊ ဘယ်လို ချေမှုန်းမလဲဆိုတာ သွားပြီး ညှိနှိုင်း တိုင်ပင်ခဲ့တယ်။” သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေး တံခါး ဖွင့်ထားတယ်လို့ ကြေညာပေမယ့် တိုင်းရင်းသားလ က်နက်ကိုင် နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ တာကြောင့် အချိန်ကိုက် တိုက်ပွဲ ဖော်နိုင်အောင် ခုလို ပူးပေါင်း ဆွေးနွေး ရတာလို့ ဒီကေဘီအေက သတင်း ထုတ်ပြန်ပါတယ်။ “ တနေ့နေ့ တချိန်ချိန်မှာ အာဏာရှင် စစ်အစိုးရက ကျနော်တို့ တိုင်းရင်းသားတွေကို ကျုပင်ခုတ် ကျုငုတ် မကျန်တဲ့ နည်းတွေနဲ့ ရက်စက်ဦးမယ်ဆိုရင် ကျနော်တို့ အက်စ်အက်စ်အေနဲ့ တကွ ကျန်တဲ့ တိုင်းရင်းသား အသီးသီးလည်း မြို့တွင်း တိုက်ပွဲတို့ တောင်တန်းဒေသ သူတို့ရဲ့ ထိုးစစ်တွေကို နည်းအမျိုးမျိုးနဲ့ ခုခံ တိုက်ခိုက်မယ်။ ကျန်တာတွေလည်း ခံစစ်အသေ မဟုတ်ဘဲနဲ့ ထိုးစစ်နဲ့ ဆက်လက် တိုက်ဖို့ ကျနော်တို့ တိုင်ပင် ညှိနှိုင်းကြတယ်။” အက်စ်အက်စ်အေ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒီနှစ်အတွင်း တဖွဲ့တည်း ပြန်လည် ပေါင်းစည်း ခဲ့ပါတယ်။ ကေအန်ယူ (ကရင်အမျိုးသား အစည်းအရုံး)ကနေ ခွဲထွက်လာခဲ့တဲ့ ဒီကေဘီအေ ကတော့ နအဖ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ ခဲ့ပေမယ့် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို လက်မခံနိုင်လို့ တိုက်ပွဲ ပြန်ဝင်လာခဲ့တာပါ။ သတင်းရင်းမြစ် - ဒီဗီဘီ |
| Saturday, August 27, 2011 သုံးပွင့်ဆိုင် ဆွေးနွေးရေး ကင်တားနားထံ ၁၉၉၀ တိုင်းရင်းသားပါတီ ၈ ပါတီ တင်ပြတောင်းဆို သြဂုတ်လ 26 ရက် 2011 ခုနှစ် ။ ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၈ ပါတီက သုံးပွင့်ဆိုင်ဆွေးနွေးရေး အပါအဝင် အချက် ၄ ချက်ပါ ပေးစာကိုကုလသမဂ္ဂမြန်မာ နိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် ထောမတ် အိုဟေးကင်တား နား ထံတင်ပြတောင်း ဆို ခဲ့ကြကြောင်း သိရှိရပါသည်။ “ကျနော်တို့တိုင်းရင်းသား ပါတီ ၈ ပါတီက အချက် ၄ ချက် ရေးသားတင်ပြတောင်းဆိုခဲ့ကြတယ်။ မစ္စတာ ကင်တားနား ကတဆင့် သမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန် တို့ကို တင်ပြပေးဖို့ပါ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောပါသည်။ သြဂတ်စ် ၂၀ ရက် နေ့စွဲဖြင့် တိုင်းရင်းသားပါတီဟောင်း ၈ ပါတီ တင်ပြတောင်းဆိုသည့် အချက် ၄ ချက်မှာ - ၁. တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ အကျဉ်းကျနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီအရေးလှုပ်ရှာနေသူများ ပါဝင်သင့်ပါဝင်ထိုက်သည့်ပုဂ္ဂိုလ်များ ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ပေးရန်။ ၂. စစ်မက်ရေးရာဒေသတွင် စစ်ဘေးစစ်ဒဏ်သင့်လူထု အကူအညီရရှိရန်၊ ကူညီနိုင်သည့်ပုဂ္ဂိုလ်များ ဝင်ရောက် အကူအညီပေးနိုင်မည့် အခွင့်အရေးရရှိရန်။ ၃. အကျဉ်းကျနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်၊ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လက်တွေ့ကျကျ တာဝန်ယူဖြေရှင်းပေးရန်။ ၄. ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် တိုင်းရင်းသားပါတီများကို အသိ အမှတ်ပြု ဆက်ဆံရန်- တို့ဖြစ်သည်။ သြဂတ်စ် ၂၄ ရက် မစ္စတာ ကင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်တွင် ဒေါ်အောင်ဆန်းစုကြည် မှတဆင့် တင်ပြပေးရန် တိုင်းရင်းသား ပါတီများက မေတ္တာရပ်ခံစာ ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ထောမတ်အိုဟေးကင်တား နားထံ စာရေးသား တင်ပြသည့် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများမှာ ကချင် ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် (KNCD)၊ ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်(KNCD)၊ ဇိုမီးအမျိုးသား ကွန်ဂရက်(ZNC) ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့(MNDF) ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ၊ ကယန်း အမျိုးသား ညီညွှတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့(DOKNU)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD) တို့ဖြစ်ကြသည်။ သြဂတ်စ် ၂၃ ရက်၌လည်း ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၁၇ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးနှင့် မစ္စတာ ကင်တားနားတို့ တွေ့ဆုံခဲ့ကြသေးသည်။ သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်သတင်း |
| UNITED NATIONALITIES FEDERAL COUNCIL (UNION OF BURMA) Letter No: 27/Na/PhaKaBa/11 Date: 15th August 2011 U Thein Sein President The Republic of the Union of Myanmar Re: Appeal to seek political solution to the political problems Respected Mr. President, It was with great hope that the United Nationalities Federal Council (Union of Burma) had warmly welcomed your commitment to building national unity as outlined in your inaugural speech during your swearing-in ceremony as the new President of the Union of Myanmar. The United Nationalities Federal Council (UNCF) was founded as an alliance composed with ethnic nationalities organizations in which the Kachin Independence Organization (KIO), New Mon State Party (NMSP) and Shan State Progressive Party (SSPP) are organizations that had entered into a ceasefire agreement with the military governments led by the State Law and Order Restoration Council (SLORC)/State Peace and Development Council (SPDC). The relations between the military government and the three organizations had deteriorated because the former refused to seek a political solution to the problems, by placing arbitrary demands on the three organizations to transform the Border Guard Force or the militia force. Members of the United Nationalities Federal Council are patriotic ethnic organizations that have for many years, fought for their peoples’ rights through both political and military means. In struggling for their peoples’ rights and basic freedoms, the non- Burman ethnic peoples have consistently tried to seek a political solution to the political problems with the successive military governments. For the last 60 years, the successive governments have responded to the demands of their peoples’ rights with the force of arms, instead of adopting a political means to solve the political problems. This utter failure has led the natural-resource-rich Union of Myanmar to become one of the world’s Least Developed Countries. This has further led to a situation of greater confusion and misunderstandings amongst the different ethnic groups, and simmering civil war. If viewed from a true historical perspective, the present-day Union of Myanmar was founded with the amalgamation of the ancestral territories of the different ethnic groups. The country’s independence was achieved with the joint struggle of different ethnic groups against the occupying colonialist force. In this respect, the Union of Burma therefore belongs equally to all the different ethnic groups. For genuine national unity to be achieved in a country with such a multi-ethnic character there needs to be a guarantee for equal rights and opportunities for all ethnic groups. Unfortunately however, the non-Burman ethnic peoples continue to feel being racially dominated, assimilated and subjugated within the Union. It is natural for all peoples to have a love for, and to value their own ethnic, language, religious and ancestral identities. Accordingly, the ethnic peoples continue to engage in a resistance movement to protect their rights to equality and self-determination both through military and political means. We are of the view that these grievances can readily and easily be addressed by seeking a political solution based on the Panglong Agreement, or through adapting successful methods and experiences from other countries where multi-ethnic unity has been achieved. Our collective experiences from the last 60 years of civil war tell us that trying to seek a military solution to the problems without a political solution will only prolong the conflict. Rather it will lead to a further deterioration of the country’s situation and the suffering of the entire population. As a group representing the collective force of the ethnic armed groups, the United Nationalities Federal Council, therefore, earnestly appeal to you to order an end to all ongoing military offensives against the ethnic groups, declare a nation-wide temporary cease-fire, and to initiate a political dialogue with the UNFC towards finding a political solution as soon as possible. These measures should be undertaken with the view of building genuine national unity, perpetuation of the Union, emergence of a peaceful and developed nation that can reclaim its pride and dignity amongst other nations in a 21st century world. Yours respectfully, Lt. General N’ Banla Chairman United Nationalities Federal Council Copy to: 1.The President,The United States of America 2.The Prime Minister, The Republic of India 3.The Prime Minister, The Royal Kingdom of Thailand 4.The Premier, The People’s Republic of China 5.The Chairperson, The African Union 6.The Secretary General, The Organization of American States 7.The President,The European Union 8.The Chairman, The Association of Southeast Asian Nations (ASEAN) 9.The Secretary General, The United Nations Organization |