| Chin National Community -Japan Discussion meeting 2nd October 2011 Burma Concern /ECJ office 10am to 13:oohrs Current situation in Burma.National reconsideration process in Burma. Meeting between our leader Daw Aung San Suu Kyi and President Thein Sein. Labour minister U Aung Kyi and Daw Aung San Suu Kyi. Ethnics affairs in Burma .Refugees issues. by.. Thang Nang Lian Thang (Senior Leader CNC-Japan ) Special guest: Study to Chin Community in Japan Mr.Yamachika Yasunari (Waseda University student) Sharing the lecture of Colombia President Juan Manuel Santos Calderon : The Successful Path Towards Democratic Prosperity , Lesson from Colombia. by.. Cin Lam Lum (Chairperson CNC-Japan) Monthly reported .Action plan with all democratic organization in Japan and NDB. Save The Irrawaddy movement by.. Cing Hau Lun (General Secretary CNC-Japan) CWO-Japan reported. The book of " Un safestate " Japanese version publication update. Activities with alliance ethnic group.Meeting with Benedict Rogers (CSW), Ms. Debbie STOTHARD (AMPIC), Burma Partners Khin Ohmmar (BP,NDD) by.....Daw Ngun Than ( General Secretary CWO-Japan ) Chin Women Organization -Japan and other activities . Future plan. The workshop of CWO on 28.8.2011 and analysed outcoming. by .. Daw Ning Za Lun (Chairperson CWO-Japan ) The Stateless Children and its Consequences (FWUB workshop ) discussion by Chin San and ODAWARS AYANE SENSEI . reported and sharing by .... Ma Lia Mang Cing Khai :Coordinator Stateless Children in Chin Refugees Japan (CNC-Japan) Chin National Community Japan members duty and responsibily ..by Shwe Hnin Yee Preparation for the Refugee Round Table Talk on 9th Oct at University of Tokyo panelist: Tuan Sian Khai (Sian Kung 18yrs ) born in Japan |
| Maungwto's Channel You Tube Save The Irrawaddy -Tokyo 19-9-2011 |
| OVERSES’S POSITION ON U THEIN SEIN’S RECENT SPEECH First of all, we are the 8888 groups genuinely, justice, equality and prosperity for the whole nation of Burma. Our truthful and devoted desire for peace, harmony and development for all in Burma has led us to continue our fight for democracy and human rights in Burma since 1988. We are willing to welcome U Thein Sein’s words – the genuine desire to join hands with the democratic forces overseas and thrive on the nation becoming a prosperous and developed one democratically - if they could be materialized. Our nation’s leader Daw Aung San Suu Kyi has also enthusiastically expressed her desire to work together with anyone for the benefit of all the people in Burma since her release. Therefore, we straightforwardly and genuinely call on U Thein Sein that this is the time for him to put his words into practice by implementing the following fundamental and pragmatic actions step by step; 1. to release all the prisoners of conscience especially the long term prisoners like the 88 generation leaders and the ethnic leaders unconditionally, 2. to stop the ongoing civil wars everywhere in the country and to call for the ceasefire with all the ethnic groups at once, 3. to develop the current talk with Daw Aung Suu Kyi leading to hold a national dialogue with all the stakeholders as part of the national reconciliation process, 4. to end the atrocities and the human rights abuses among the war-torn areas and the whole country in general, and to ensure the personal security and liberty of all the people in Burma, and 5. to impose the essential laws in line with the basic principles of democracy and human rights guaranteeing the freedom of press, expression, association and assembly. In the meantime, we will keep on our fight until all these conditions are met on part of U Thein Sein. Once all the conditions are met, then we, all the democratic forces overseas, will return our beloved country and join hands with the people participating in the nation building until the whole nation could live on with pride, dignity and integrity among the international community. The Organizations of 88 Generation – overseas Dated: August 20th, 2011. |


| Chin National Community-Japan |
| Thanks for Visiting |
| Tsurumi University Symposium "Dental Treatment Support for Asylum Seekers" Co-hosted by UNHCR,TsurumiUniv,F RJ |
| ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) Association of United Nationalities in Japan, AUN-Japan ၏ ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် အလုပ်အမှုဆောင် ကော်မတီသစ် ရွေးချယ် |
| AUN-JAPAN 2011 |
| ဂျပန်လွှတ်တော်အမတ်တွေကို မြန်မာပြည် အရေး တင်ပြ 2011-07-12 ဂျပန် အစိုးရက မြန်မာနိုင်ငံကို ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွါးရေး အကူအညီတွေ ပြန်ပေးဖို့ စဉ်းစားနေတယ် ဆိုတဲ့ အချက်ကို ပြန်လည် သုံးသပ်သင့်ကြောင်း ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။ ဂျပန်လွှတ်တော်တွင် မြန်မာ့အရေး ဆောင်ရွက်သော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ အမတ်တဦးဖြစ်သူ Kono Astuma က ဦးဆောင်ပြီး မြန်မာ့အရေးကြားနာပွဲ တရပ်ကို ဂျပန်လွှတ်တော် အဆောက်အဦ တခုတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပနေပုံ။ ဓါတ်ပုံ - nldlajb. blogspot မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဦးတည်နေတဲ့ အစိုးရသစ် တရပ် ပေါ်လာတာကြောင့် ဂျပန် အစိုးရက မြန်မာနိုင်ငံကို ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွါးရေး အကူအညီတွေ ပြန်ပေးဖို့ စဉ်းစားနေတယ် ဆိုတဲ့ အချက်ကို ပြန်လည် သုံးသပ်ဖို့ဂျပန်လွှတ်တော်အတွင်း ဒီကနေ့ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။ တိုကျိုမြို့ ဂျပန်လွှတ်တော် အဆောက်အဦတွင်း ကျင်းပတဲ့ အဲဒီ ဆွေးနွေးပွဲကို NDB မြန်မာ့ ဒီမိုကရေစီ ကွန်ယက်၊ KWAJ ကချင် အမျိုးသမီး အစည်းအရုံး (ဂျပန်) နဲ့ Burma-Info NGO အဖွဲ့ဝင်တွေ တက်ရောက်ပြီး ဂျပန်နိုင်ငံဘက်က GIREN ဂိရင်ခေါ် မြန်မာ့အရေး ထောက်ခံသော ဂျပန် အမတ်များ သမဂ္ဂ အဖွဲ့ဝင် ဂျပန်လွှတ်တော် အမတ်တွေနဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေ စုစုပေါင်း (၂၀)ကျော် တက်ရောက်ကြောင်း သိရပါတယ်။ အစိုးရရဲ့ အထက်မှာ စစ်ကောင်စီဆိုတာရှိနေတဲ့အတွက် မြန်မာနိုင်ငံဟာ အများမျှော်လင့်သလို ဒီမိုကရေစီ နိုင်ငံ အဖြစ်ကို မရောက်နိုင်သေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို မသွားနိုင်ပဲ ဆန့်ကျင်သူ မှန်သမျှကို ဖိနှိပ် ချေမှုန်းမယ်ဆိုတဲ့ အယူအဆနဲ့ သွားနေတဲ့အတွက် တိုင်းရင်းသားများနဲ့ ပြည်တွင်းစစ် ဖြစ်ပွါးနေကြောင်း၊ ဒီစစ်အတွင်းမှာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ရရှိတဲ့ လက်နက်တွေ အပြင် ဓါတုလက်နက်တွေကို အသုံးပြုနေတယ် ဆိုတဲ့ အထောက်အထားများကို ရှင်းလင်း တင်ပြခဲ့ကြောင်း တိုကျို မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမင်းညို က ပြောပြပါတယ်။ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန ကတော့ ကချင် စစ်ပွဲဒေသနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ သတင်း အချက်အလက် အပြည့်အစုံ မရသေးကြောင်း၊ စစ်ပြေး ဒုက္ခသည်တွေကို ကုလသမဂ္ဂ အဖွဲ့တွေက တဆင့် ကူညီဖို့ စဉ်းစားသွားမည့်အကြောင်း ပြန်လည်ပြောဆိုတယ်လို့ သိရပါတယ်။ ဂျပန်လွှတ်တော် ကြားနာပွဲမှာ ဆွေးနွေးကြတာနဲ့ ပတ်သက်ပြီး RFA ၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်ရဲ့ စုစည်းတင်ပြချက် အပြည့်အစုံကိုနားဆင်ပါ။ news from RFA |
| Refugees Coordination Committee in Japan Hand over to new Board Member Thang Nang Lian Thang Chair: ( 2010- 2011 ) Ms Marip Seng Bu Secretary General (2011-2012 ) University of Tokyo (Komaba campus ) 31-07-2011 |
| တိုင်းရင်းသားတွေ လက်မခံ 2011-08-18 သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC က လက်မခံ ငြင်းဆန်လိုက် ပါတယ်။ democracy for burma မွန်ပြည်သစ်ပါတီရဲ့  ခေါင်းဆောင်တစ်ဦးလည်းဖြစ် UNFC ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာ။ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေရပ်ပြီး သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဗဟိုအစိုးရက ညွှန်ကြားထားပြီး ဖြစ်သလို၊ ဗဟိုအစိုးရက အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ပေးမယ်လို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ စီးပွါးရေး၊ လူမှုရေး နယ်ပယ်တွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က ပြောလိုက်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ UNFC အတွင်းရေးမှူး နိုင်ဟံသာက သူတို့ အဖွဲ့တွေ အနေနဲ့ တပေါင်းတစည်းတည်း တွေ့ဆုံ ဆွေးနွေးမှုပဲ လိုလားကြောင်း RFA ကို အခုလို ပြောပါတယ်။ "read more |

| ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။ |

| ကိုယ့်အမည် ကိုယ်ရေး ကိုယ့်မဲ ကိုယ်လိမ်ခဲ့တဲ့ သိန်းစိန်တို့ ရဲ့  လုပ်ရပ်တွေကို မမေ့ပျောက်ကြပါနဲ့ ။ အာဏာရူးဆိုတာ သေတောင် အာဏာကို လက်မလွှတ်ဖူး http://niknayman-niknayman.blogspot. com/ |
| Monday, August 22, 2011 ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် စတင်ပြီဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား နိုင်ငံနဲ့ ပြည်သူလူထု အကျိုးအတွက် လက်ရှိအစိုးရနဲ့ နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် လုပ်ငန်း စဉ် စတင်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြား လိုက်ပါတယ်။ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။ “သူ့မှတ်ချက်က အားရကျေနပ်မှု ရှိပါတယ်။ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးအတွက် ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် လုပ်ငန်း စဉ်တခု စပြီလို့ သူ့အနေနဲ့ ယုံကြည်တယ်လို့ သူပြောပါတယ်။ အသေးစိတ် ဆွေးနွေးတဲ့ အချက်တွေ တော့ ခုချိန်မှာ မပြောနိုင်သေးဘူးခင်ဗျ။” ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေး နွေးခဲ့သလို စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြုပြင် ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ် ရုံဆွေးနွေးပွဲ တက် ရောက်ခဲ့ပြီးနောက် ခုလိုထုတ်ဖော် ပြောကြား လာတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ တွေ့ဆုံဆွေးနွေးမှု၊ စီးပွားရေးအလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုထောက်ခံကြောင်း ဒီနေ့ထုတ်ပြန်တဲ့ အဖွဲ့ချုပ် ကြေညာချက် မှာ ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ နှစ်ကြိမ် တွေ့ ဆုံခဲ့ဖူးပြီး ပြည်သူတရပ်လုံးရဲ့ လိုအပ်ချက်ဆန္ဒအတိုင်း ဖြည့်ဆည်းပေးတဲ့ အနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားဖို့ သ ဘောတူညီခဲ့ကြပါတယ်။ သတင်းရင်းမြစ် - ဒီဗီဘီ |
| သမ္မတပြောသည့် ဌာနေပြန်ရေး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ မယုံကြည် August 18, 2011, ပြည်ပ ရောက် နိုင်ငံသားတွေ ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင် ရွက်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ဖိတ်ခေါ်မှုဟာ တိုင်းပြည် ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဝေဖန် ရှုတ်ချလိုက်ပါတယ်။ မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ကော်မတီ တွေ့ဆုံပွဲအတွင်း သမ္မတ မိန့်ခွန်းမှာ ပြည်ပ ရောက် မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။ သမ္မတရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးကတော့ ဒီကမ်းလှမ်းချက်ဟာ စစ်မှန်တဲ့ ကမ်းလှမ်းချက် မဟုတ်သလို နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမှ နိုင်ငံတခုလုံးရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောပါတယ်။ နော်စီဖိုးရာစိန် “နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ပြဿနာတွေ ပြေလည်မယ်။ ဒါပေမယ့် ဒီလိုပဲ ပြန်လာပြီးတော့ အာမခံချက် မရှိဘူးဆိုရင်၊ ဘာမှပြောင်းလဲမှု ရှိမှာမဟုတ်ဘူး။ တကယ်လို့ သူတို့က စေတနာမှန်မှန်နဲ့ လုပ်မယ်ဆိုရင် တကယ်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ပြေလည်မယ်။” မွန်ပြည်သစ်ပါတီရဲ့ အထွေအတွင်းရေးမှူးလည်းဖြစ် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာက ဒီကမ်းလှမ်း ဖိတ်ခေါ်ချက်ဟာ တံခါးဝမှာ ဓားထမ်းပြီး ခေါ်သလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။ “အခု သမ္မတ ဦးသိန်းစိန် ပြောသွားတာက တဖက်ကလည်း အရေးယူချင်ရင် အရေးယူနိုင်လို့ ရအောင်လုပ်တဲ့ အနေအထားမျိုးလည်း ရှိတယ်။ ခွင့်လွှတ်နိုင်တဲ့ ဥပဒေဆိုတာ သူတို့လက်ထက်မှာ ကြိုက်သလိုဖန်တီးလို့ရတယ်။ အဲတော့ သဘောကတော့ တံခါးဝမှာ ဓားထမ်းပြီးတော့ လာပါလို့ ပြောထားတဲ့ပုံစံမျိုး။ ဦးလေးတို့အမြင်ကတော့ နိုင်ငံရေးပြဿနာ မပြတ်သေးဘဲ ကျန်တဲ့လုပ်ငန်းတွေ လုပ်လို့မရဘူး။ အမြင်မတူတဲ့ နိုင်ငံရေးပြဿနာကို တဖက်က ရှင်းစေချင်တယ်။ ပြောတဲ့ပုံဆိုရင် လာပါ၊ လက်နက်ချပါ၊ လက်နက်အပ်ပါ။ အဲဒီလိုပုံစံမျိုးဖြစ်နေတယ်။ လက်နက်ချတဲ့ပုံစံမျိုးက တော်လှန်ရေးသမားတွေ ဘယ်အဖွဲ့ကမှ လုပ်ချင်တာ မဟုတ်ဘူး။ ဒါကြောင့် ဦးလေးတို့ ဆိုချင်တာက အလုပ်ဖြစ်မယ့် ကိစ္စမျိုး မဟုတ်ဘူး။” |
Sai Lao Hseng SSA စိုင်း လောဝ်ဆိုင် “ပြည်တော်ပြန်ဆိုတာတော့ အမျိုးမျိုး ရှိရမှာပေါ့။ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး လုပ်နေတယ် ဆိုတာ မပြေလည်သေးတဲ့ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်နက် ကိုင်ဆောင်ပြီး တိုက်နေတာ။ အခု သမ္မတ ဦးသိန်းစိန်ကနေ ပြည်ပရောက် အဖွဲ့အစည်းများ၊ အတိုက်အခံအဖွဲ့ အစည်းများ၊ ပြည်တော် ပြန်ချင်ရင် ပြန်လို့ရပါတယ် ဆိုတာကတော့ ကျနော်ထင်တယ်။ လက်ရှိ အာဏာရတဲ့ အစိုးရကနေ ဒီဥပဒေ ဘောင် အတွင်းဝင်ခဲ့ပါ ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဖြစ်ပေါ်ရမယ်ဆိုရင်တော့ ကျနော်တို့ လက်နက် ချရုံပဲရှိတယ်။ နောက်ပြီးတော့ ထောင်ထဲဝင် သွားဖို့ပဲ ရှိတယ်။ အဲဒီလိုမျိုးလမ်းပဲ ရှိရမှာကို၊ အဲဒီဥပဒေ ဘောင်နဲ့အညီ ဆိုတဲ့ စကားလုံးကြီးကတော့ ကျနော်တို့ အတွက် မသင့်တော်သေးဘူး။ နှစ်ဖက်စလုံး တွေ့ဆုံ ဆွေးနွေးဖို့ အဲလိုမျိုး ဘောင် ခတ်လိုက်ခြင်း အားဖြင့် ဘယ်တော့မှ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်မလာဘူးလို့ ကျနော်ထင်ပါတယ်။” သတင်းရင်းမြစ် - ဒီဗွီဘီ |

| သြဂုတ်လ ၂၂ ရက် ၂၀၁၁ ခုနှစ်။ ပြည်ထောင်စု တခုလုံး ယာယီ အပစ်အခတ်ရပ်ရေး ကြေညာကာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က သမ္မတဦးသိန်းစိန်ထံ စာရေးသား တောင်းဆို ထားသည်။ “ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများကို အင်အားသုံး တိုက်ခိုက်နေခြင်းအားဖြင့် အမြန်ဆုံး ရပ်တန့်ကာ ပြည်ထောင်စု တခုလုံးနှင့် သက်ဆိုင်သော ယာယီအပစ်အခတ် ရပ်ဆိုင်းရေးကို ကြေညာလျက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီနှင့် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် ပန်ကြား အပ်ပါသည်” ဟု သြဂုတ်လ ၁၇ ရက်ကပေးပို့သော ပေးစာတွင် ပါရှိသည်။ သြဂုတ်လ ၁၅ ရက်နေ့စွဲဖြင့် UNFC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ ကိုယ်တိုင် လက်မှတ် ရေးထိုးကာ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှတဆင့် သမ္မတထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ “နိုင်ငံရေး ဆွေးနွေးချင်ရင် နောင်တက်လာမယ့် အရပ်သား အစိုးရနဲ့ ဆွေးနွေးပါ” ဟု ယခင် အပစ်အခတ် ရပ်ရေး ကာလက စစ်အစိုးရ ပြောခဲ့သည့်အတိုင်း နိုင်ငံရေး ဆွေးနွေးရန် စာရေးရသားခြင်း ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။ ပေးစာတွင် ပင်လုံ သဘောတူညီချက်ကို အခြေခံပြီး၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းညီညွတ်စွာ နေထိုင်သည့် နိုင်ငံများ၏ နည်းနာကို ရယူပြီး ဖြေရှင်းပါက လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဟုလည်း UNFC က ရှုမြင်ကြောင်း ဖေါ်ပြ ထားသည်။ ပေးစာကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် သမ္မတ အိုဘားမားတို့ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အီးယူသမဂ္ဂ စသည့် နိုင်ငံများမှ ဝန်ကြီးများထံသို့လည်း မိတ္တူများ ပေးပို့ထား သည်ဟု သိရသည်။ “ကျနော်တို့ စာရေးပြီး သမ္မတဆီ ပို့နိုင်မယ့် နည်းလမ်းကို ရှာနေရတာနဲ့ ၁၇ ရက်နေ့မှ ထိုင်းက မြန်မာသံရုံးကို FAX နဲ့ ပို့နိုင်ခဲ့တယ်” ဟု နိုင်ဟံသာက မဇ္ဇျိမကို ပြောသည်။ UNFC အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် မဟာမိတ်အဖွဲ့ကို ကိုယ်စားပြုပြီး ဗဟိုအစိုးရနှင့် တိုက်ရိုက် ဆွေးနွေး လိုသော်လည်း အစိုးရက တဖွဲ့ချင်းနှင့်သာ ဆွေးနွေလိုသည်။ သြဂုတ်လ ၁၈ ရက် နေ့စွဲဖြင့် အစိုးရက “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး “ငြိမ်းချမ်းရေး ဆွေးနွေးလိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ပဏာမအဆင့် အနေဖြင့် တဖွဲ့ချင်းအလိုက် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်ရန်” ဖေါ်ပြပါရှိသည်။ သမ္မတ ဦးသိန်းစိန်မှ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းအလိုက် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှုကို ဖြိုခွဲရန် ကြံစည်ခြင်းသာ ဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။ “နိုင်ငံရေး ဆွေးနွေးရင် ကျနော်တို့ UNFC မှာ ပါတဲ့ တဖွဲ့ချင်းဆီက ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူးလို့ သဘောတူထားတာ ရှိတယ်၊ အဖွဲ့တိုင်းကလည်း ဒီအကြောင်းကို အမြဲပြောနေတော့ ဒါကို တုန့်ပြန်တဲ့အနေနဲ့ ညီညွတ်မှုကို ခွဲတဲ့အနေနဲ့ တဖွဲ့ချင်းဆီ ဆွေးနွေးဖို့ ဖိတ်ခေါ်တာ ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။ UNFC တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့သည် ယခင် တပ်မတော်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ကြသောအဖွဲ့များ ဖြစ်ပြီး နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေးခံရရာမှာ အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့သည်။ နိုင်ငံတော်၏ ရေအားလျှပ်စစ်စီမံကိန်းကို ဖျက်လိုဖျက်ဆီး လုပ်ရာမှ KIO/ KIA နှင့် ပြဿနာ တက်ရခြင်း ဖြစ်ကြောင်း သမတ ဦးသိန်းစိန်က သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် အစိုးရအရာရှိများ၊ စီးပွားရေး လူမှုရေး နယ်ပယ်အသီးသီး အသင်းအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ၎င်းပြင် ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွင်လည်း အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့အချို့ ရှိနေကြောင်းနှင့်၊ ထိုအဖွဲ့များသည် အကြမ်းဖက်လုပ်ရပ်များကို အမြန်ရပ်ဆိုင်းပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဗဟိုအစိုးရအနေနဲ့ ပြည်နယ်အစိုးရကို ညွှန်ကြား ထားပြီး ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ပြည်တွင်းဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့က အခြေခံ ၆ ဖွဲ့နှင့် မဟာမိတ် ၆ ဖွဲ့အဖြစ် ဖွဲ့စည်းပြီး အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအား ပေးလာလျှင် စုပေါင်း၍ ခုခံ ကာကွယ် နိုင်ရန်အတွက် UNFC ကို စတင် ဖွဲ့စည်းခဲ့သည်။ သတင်းရင်းမြစ် - ချင်းမိုင် (မဇ္ဈိမ) |
| ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင်ဒဏ် ၁၀ နှစ်ချခံရ 2011-08-26 NLD လူငယ်တွေရဲ့ BG သွေး ကူညီရေး အဖွဲ့က ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အီလက်ထရောနစ် ပုဒ်မ ၃၃ (က) နဲ့ အင်းစိန်ထောင် အထူး တရားရုံးကနေ ထောင်ဒဏ် (၁၀) နှစ် ဒီနေ့ချမှတ် လိုက် ပါတယ်။ RFA news |
| Saturday, August 27, 2011 ခုခံကာကွယ်စစ်အ ရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ ဆွေးနွေး August 26, 2011 ။ နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံဘဲ စစ်အစိုးရ လက်ထက်ကနေ ခုအစိုးရအထိ ပြန်လည် တိုက်ခိုက်နေတဲ့ အက်စ်အက်စ်အေ (ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော်)နဲ့ ဒီကေဘီအေ (တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်) တို့ တွေ့ဆုံပြီး မြို့တွင်း တိုက်ပွဲ ဆင်နွှဲပြီး ခုခံကာကွယ်စစ် တိုးမြှင့်မယ်လို့ သတင်းရရှိပါတယ်။ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော စစ်ဆင်ရေးမှူး ဗိုလ်မှူးစောစန်းအောင်က ခုလို ပြောပြပါတယ်။ “အက်စ်အက်စ်အေ တပ်မှူးကြီးတွေနဲ့ ကျနော်တို့ဆီက ဗျူဟာမှူးအဆင့်ရှိတဲ့ ဗိုလ်မှူးကျော်သက်နဲ့ သွားတွေ့တယ်။ ညှိနှိုင်းတယ်။ လာမယ့် အနီးကပ်ဆုံး အနာဂတ်မှာ အာဏာရှင်စနစ် ပြိုလဲဖို့အတွက် ဘယ်လို တိုက်မလဲ၊ ဘယ်လို ချေမှုန်းမလဲဆိုတာ သွားပြီး ညှိနှိုင်း တိုင်ပင်ခဲ့တယ်။” သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေး တံခါး ဖွင့်ထားတယ်လို့ ကြေညာပေမယ့် တိုင်းရင်းသားလ က်နက်ကိုင် နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ တာကြောင့် အချိန်ကိုက် တိုက်ပွဲ ဖော်နိုင်အောင် ခုလို ပူးပေါင်း ဆွေးနွေး ရတာလို့ ဒီကေဘီအေက သတင်း ထုတ်ပြန်ပါတယ်။ “ တနေ့နေ့ တချိန်ချိန်မှာ အာဏာရှင် စစ်အစိုးရက ကျနော်တို့ တိုင်းရင်းသားတွေကို ကျုပင်ခုတ် ကျုငုတ် မကျန်တဲ့ နည်းတွေနဲ့ ရက်စက်ဦးမယ်ဆိုရင် ကျနော်တို့ အက်စ်အက်စ်အေနဲ့ တကွ ကျန်တဲ့ တိုင်းရင်းသား အသီးသီးလည်း မြို့တွင်း တိုက်ပွဲတို့ တောင်တန်းဒေသ သူတို့ရဲ့ ထိုးစစ်တွေကို နည်းအမျိုးမျိုးနဲ့ ခုခံ တိုက်ခိုက်မယ်။ ကျန်တာတွေလည်း ခံစစ်အသေ မဟုတ်ဘဲနဲ့ ထိုးစစ်နဲ့ ဆက်လက် တိုက်ဖို့ ကျနော်တို့ တိုင်ပင် ညှိနှိုင်းကြတယ်။” အက်စ်အက်စ်အေ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒီနှစ်အတွင်း တဖွဲ့တည်း ပြန်လည် ပေါင်းစည်း ခဲ့ပါတယ်။ ကေအန်ယူ (ကရင်အမျိုးသား အစည်းအရုံး)ကနေ ခွဲထွက်လာခဲ့တဲ့ ဒီကေဘီအေ ကတော့ နအဖ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ ခဲ့ပေမယ့် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို လက်မခံနိုင်လို့ တိုက်ပွဲ ပြန်ဝင်လာခဲ့တာပါ။ သတင်းရင်းမြစ် - ဒီဗီဘီ |
| မြန်မာပြည်သူတွေရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာရေး အတွက် သမ္မတ ဦးသိန်းစိန်နဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ |
| Click more photo |
| တိုင်းပြည်အတွက် အသုံးချခံရမှာကို မနှစ်သက်စရာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား 2011-09-08 မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည် ကောင်းစားရေး အတွက် အစိုးရရဲ့ အသုံးချခံ ဖြစ်မှာကို မိမိအနေနဲ့ စိုးရိမ် ပူပန်ခြင်း မရှိကြောင်း ဒီကနေ့ RFA ကို ပြောဆိုလိုက် ပါတယ်။ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဒုတိယနေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo: AFP) ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ မကြာခင်က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အစိုးရက သူ့ကို အသုံးချနေတယ်လို့ ပြောဆိုသံ တချို့ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားပါ သလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က - "အမေကတော့ အမေ့ကိုယ် အမေ အသုံးချခံရတယ်လို့ မမြင်ပါဘူး။ ပူးတွဲပြီးတော့ဘဲ လုပ်ဆောင်တယ်လို့ မြင်ပါတယ်။ တကယ်ဘဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက် အသုံးချခံရတယ် ဆိုရင် မနှစ်မြို့စရာ အကြောင်း မရှိပါဘူး။ ယုံကြည်ချက်အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ " သောကြာည နဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း RFA က ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် သောတရှင် တယောက်က မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။ |
DVB သတင်းထောက်တွေ ဆန္ဒပြတောင်းဆိုကြ 2011-09-09 လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့အသံ တကယ် မကြားရ 2011-09-08 မြန်မာနိုင်ငံ သတင်းစာ လွတ်လပ်ခွင့်နဲ့ မတန်သေးကြောင်း ပြန်ကြားရေး ၀န်ကြီး ချေပ 2011-09-08 UWSA ကို သမ္မတ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ 2011-09-07 စက်မှု ၁- ၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော်တို့ နှစ်ဦးက သမ္မတ ဦးသိန်းစိန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ UWSA ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို ဒီကနေ့ ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ကော်မတီမှာ ထည့်သွင်းဖို့ ချင်း လွှတ်တော်အမတ် အဆိုပြု 2011-09-06 |
| သမ္မတ ဦးသိန်းစိန်မှ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းအလိုက် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှုကို ဖြိုခွဲရန် ကြံစည်ခြင်းသာ ဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။ |
| တိုင်းရင်းသားအရေး နဲ့ လူ့ဘောင်သစ် 2011-09-16 အစိုးရသစ်နဲ့ တိုင်းရင်းသား အင်အားစုများအကြား အကျပ်အတည်း ဆိုတဲ့အမည်နဲ့ အစီရင်ခံစာ တစ်စောင်ကို လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ စာမျက်နှာ ၁၄၆ မျက်နှာပါတဲ့ ဒီအစီရင်ခံစာမှာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအကြောင်း၊ စစ်အစိုးရနဲ့ သဘောတူညီချက်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တိုင်းရင်းသား အခွင့်အရေး စတဲ့ ခေါင်းစဉ်တွေနဲ့ အခန်း ၁၆ ခန်းခွဲပြီး တင်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ အစီရင်ခံစာ ရေးသား ထုတ်ဝေရာမှာ ပါဝင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက RFA ကို အခုလိုပြောပါတယ်။ “ကျနော်တို့ နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေတဲ့ ကိစ္စက ကျနော်တို့ နိုင်ငံသား အားလုံးမှာ တာဝန်ရှိတယ်။ ဒီကိစ္စကို ငြှိမ်းနိုင် သတ်နိုင် တားနိုင် ဆီးနိုင်ရင် ကောင်းတယ်။ ဒါ့ကြောင့်မို့ ပြည်တွင်းစစ်တွေ ဘာ့ကြောင့် ဖြစ်သလဲ။ ဘယ်လို နောက်ခံ အကြောင်းရင်းတွေ ရှိသလဲ။ အဲဒါကို ဖြေရှင်းချင်ရင် ဘယ်လို စိတ်ရင်း သဘောထား အရင်းခံနဲ့ ချဉ်းကပ်သင့်သလဲ ကိစ္စတွေအပေါ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဘက်တွေ ကြားထဲမှာ ပိုပြီး နားလည်မှုတွေ ပြည့်စုံသွားအောင် အချက်အလက်တွေ ဖလှယ်တဲ့ သဘောနဲ့ ဒီ အစီရင်ခံစာကို ထုတ်တာဖြစ်ပါတယ်” အစီရင်ခံစာထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နောက်ခံ နိုင်ငံရေး အခြေအနေတွေကို ဖော်ပြထား သလို၊ အစိုးရအနေနဲ့ ပေးထားတဲ့ ကတိတွေကို ချိုးဖောက်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဖြစ်ရပ်တွေကိုလည်း ဖော်ပြထား ပါတယ်။ ဒီစာကို ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးကို ပေးပို့သွားမယ်လို့ ဦးငွေလင်းကပြောပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။ ဆက်သွယ်မေးမြန်းချက်။ |
| အာရပ်ကမ္ဘာ အပြောင်းအလဲမျိုးနဲ့ မြန်မာ့နိုင်ငံရေး အဖြေရှာမရနိုင် 2011-09-18 မြန်မာနိုင်ငံမှာ အပြုသဘော အပြောင်းအလဲတွေ ရှိနေပြီး အာရပ်ကမ္ဘာက လူထုဆန္ဒပြပွဲတွေလို လူထုအုံကြွမှုတွေဟာ မြန်မာ့နိုင်ငံရေး ပြဿနာကို အဖြေရှာပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ (Photo: AFP) ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ လက်ဝှေ့ရမ်း နှုတ်ဆက်နေစဉ်။ (Photo: AFP) AFP သတင်းဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး မြန်မာအစိုးရသစ်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ အမှန်တကယ် ဆန္ဒရှိပုံရတယ်လို့လည်း ပြောကြားခဲ့တယ်လို့ AFP သတင်းက ဒီကနေ့ ရေးသားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်ကတည်းက ဒီသဘောထားမျိုး ရှိပါတယ်လို့ NLD ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။ “ဒီသဘောထားတွေနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျနော်တို့ကို ရှင်းပြတာရော၊ ကျနော်တို့နဲ့ တွေ့ဆုံစကားပြောတာ ဒီသဘောထားအတိုင်း ရှိပါတယ်။ အာရပ်ကမ္ဘာမှာ ဖြစ်နေတဲ့ဟာမျိုး ပုံစံတူ ဒီတိုင်းပြည်မှာ ဖြစ်ဖို့လည်း မျှော်လင့်စရာ မရှိဘူးလို့ ကျနော်တို့ နားလည်ထားပါတယ်။ ဒါက နဂိုတည်းက ရှိပြီးသား သဘောထား ဖြစ်တယ်လို့ ကျနော် ပြောနိုင်ပါတယ်” ဒေါ်အောင်ဆန်းစုကြည်နဲ့ AFP မေးမြန်းချက်မှာ မြန်မာ့နိုင်ငံရေးမှာ အပြုသဘော အပြောင်းအလဲတွေ ရှိနေကြောင်း၊ ဒါပေမယ့် မိမိတို့အားလုံး လွတ်လပ်နေပြီ၊ အလုံးစုံ လွတ်လပ်နေပြီလို့ ပြောလို့ မရကြောင်း၊ အဲဒီလို အခြေအနေ ရောက်ဖို့ လုပ်စရာတွေ အများကြီး ရှိနေသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။ မိမိအနေနဲ့ သတိရှိတဲ့ အကောင်းမြင်ဝါဒ ရှိသူတဦးပီပီ ဒီအတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်ဟာ အပြောင်းအလဲ အမှန်တကယ် လုပ်ဆောင်လိုတဲ့သူလို့ မိမိ ယုံကြည်ကြောင်း၊ ဒါပေမယ့် သူ ဆန္ဒရှိသလို အပြောင်းအလဲ တကယ် ဖော်ဆောင်နိုင်စွမ်း ရှိမရှိကတော့ မိမိတို့ သတိထား ဆန်းစစ်သွားဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လစ်ဗျားနိုင်ငံနဲ့ ပတ်သက်လို့ ပြောကြားရာမှာ လက်ရှိ လစ်ဗျားမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ အချိန်ကာလ တခုအထိ ဆက်ရှိနေမယ်ဆိုတာ လူတိုင်းသိကြောင်း၊ အစိုးရဟောင်းက လူအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး အစိုးရသစ် ဖွဲ့နိုင်ပေမယ့် တိုင်းပြည်အတွင်း အာဃာတနဲ့ အမုန်းတရားတွေ ကျန်နေပြီး စိတ်အနာတရတွေ ကုစားဖို့ အချိန်တွေ အများကြီး ကြာမြင့်မှာဖြစ်ကြောင်း ဖြေကြားထားပါတယ်။ စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်လာဖို့ အချိန်အများကြီး လိုကြောင်း၊ ဒါ့ကြောင့် အပြောင်းအလဲကို တွေ့ဆုံ ညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့သာ လုပ်ကိုင်ဖို့ မိမိမှာ ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။ |
| Burma Sanctions By LALIT K JHA Monday, September 19, 2011 WASHINHTON—The United States Congress has approved extending trade sanctions against Burma by one more year, as Senate lawmakers noted that there has not been any change in the human rights violations and restoration of genuine democracy in the country even after the formation on a new government following the election last year. The resolution, which was earlier passed unanimously by the House of Representatives, now goes to the White House for the US president, Barack Obama, to formally extend the trade and economic sanctions against Burma by one more year. Hailing the congressional passage of the resolution, Senate Finance Committee Chairman Senator Max Baucus said such an action has come in response to the Burmese government’s continued human rights violations and suppression of political opposition. Earlier speaking on the senate floor, Baucus said in furthering its hold over Burmese society, the regime has committed crimes of murder, abduction, rape, torture, recruitment of child soldiers and forced labor—all with impunity. “In recent months, however, we have seen some encouraging steps. Last November, the Burmese regime released Aung San Suu Kyi, the pro-democracy leader and winner of the Nobel Peace Prize, after a long and unjustified incarceration. The regime has made some modest movement towards dialogue with the opposition,” he said. “But it is far too soon to think that the walk to has succeeded. Just two months after releasing Aung San Suu Kyi, the regime dissolved the National League for Democracy, which has sought to bring democracy to Burma for more than 20 years. And the regime keeps more than 2,000 political prisoners in detention,” he said. Several other countries including the European Union, Canada, and Australia have joined the US in imposing trade and investment sanctions against Burma. “These sanctions have put significant pressure on the Burmese leadership,” Baucus said. Clinton Global Initiative (CGI) has announced that Suu Kyi would address live via satellite its annual meeting being held in New York, which is being attended by more than 50 heads of state including Obama. The announcement in this regard was made by former US President Bill Clinton who heads the CGI. In a rare direct transmission, Suu Kyi would appear along with Archbishop Desmond Tutu in “Conversations on Courage,” he said. “Aung San Suu Kyi’s and Archbishop Desmond Tutu’s extraordinary leadership in addressing critical global challenges exemplifies the shared dedication of Clinton Global Initiative members, who have improved the lives of more than 300 million people in more than 180 countries since CGI began seven years ago,” Clinton said. Drawing upon her own struggles for human rights, democratic governance, and ethnic reconciliation, Suu Kyi will highlight a wide range of strategic actions CGI members can take on these issues. Archbishop Tutu, chairman of the Elders—an independent group of global leaders who work together for peace and human rights—will discuss the importance of a new global effort to end the practice of child marriage, Clinton said. As continuous international efforts on Burma continue, UN Secretary-General Ban Ki-moon told visiting Burmese Foreign Minister Wunna Maung Lwin on Sunday that the new Burmese government should not miss the opportunity of improved goodwill of the international community by urging him to release political prisoners. “The secretary-general noted that Myanmar [Burma] should not miss the opportunity of the improved goodwill toward the government’s stated objectives and reiterated the UN’s commitment to continue to help the country address its political and developmental challenges,” a spokesman for Ban said. During the meeting held at the UN headquarters in New York, the UN secretary-general reiterated his call for the early release of the remaining political prisoners. Burma's foreign minister is currently in New York to attend the ongoing annual session of the UN General Assembly. This was among his first meetings at the UN. Ban recognized the significance of recent developments in the country and encouraged the Burmese regime to step up its reform efforts in order to bring about an inclusive transition in the interest of all the people of the country, the UN statement said. Ban and Wunna Maung Lwin also exchanged views on regional issues, including the upcoming Asean Summit in November; a UN spokesman said. According to UN officials, Ban has convened a meeting of his Friends on Burma—a group of 14 countries—to discuss with them the current situation in Burma and the way forward. The meeting is expected to be attended by several foreign ministers, officials said. Besides addressing the UN General Assembly, Burma's foreign minister is scheduled to meet US Assistant Secretary of State for South East Asia and Pacific Affairs Kurt Campbell to continue US-Burma talks. from The Irawaddy |
| SAVE THE IRRAWADDY “ ဧရာဝတီကို ကာကွယ်ကြစို့ ”ဆွေးနွေးပွဲ အခမ်းအနားကို တိုကျို TOSHIMA-KU Otsuka DaIchi ခမ်းမ၌ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)-Japan မှ ဦးစီး၍ ယနေ့ နေလည် ၁း၀၀ နာရီမှ ၅း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဧရာဝတီ မြစ်ဆုံဒေသနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် မြန်မာပြည်ရဲ့ သဘာဝ ဘေးအန္တရာယ်သာမက တမျိုးသားလုံးရဲ့ လူမှုဘ၀တွေ၊ အနာဂတ်တွေပါ ထိခိုက် ပျက်စီးသည့် မြစ်ဆုံ ရေကာတာ တည်ဆောက်နေမှု ဆိုးကျိုးများ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပြည်သူလူထု၏ သဘောထား အသံ လှုပ်ရှားမှု များတို့ကို တာဝန် ရှိသူများတို့မှ ဆွေးနွေး သွားခဲ့ကြပါသည်။ ဧရာဝတီ မြစ်ဆုံမှာ တည်ဆောက်သွားမည့် ဆည်ကြီးသည် ပြည်သူလူထု တရပ်လုံးအတွက် အကျိုး တစုံတရာမှ မရရှိကြပဲ အာဏာရှင် လူတစုနဲ့ တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီ တွေသာလျှင် အကျိုးအမြတ်တွေ ခံစားရတာ ဖြစ်သည့်အတွက်ကြေင့် တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေကို ဆည်တည်ဆောက်မှုလုပ်ငန်း ရပ်တန့်ရန်အတွက် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် ဖိတ်ခေါ်ပြီး နိုင်ငံတကာရှိ တရုတ်သံရုံးများကို ဆန္ဒပြ ဆန့်ကျင်ကန့်ကွက် သွားကြမည့် လုပ်းငန်းစဉ်များနှင့် ဧရာဝတီကို ကာကွယ် လှုပ်ရှားနေကြသည့် ပြည်တွင်း လှုပ်းရှားမှုများတို့ကို ပံ့ပိုးကူညီ ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များပါ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။ သတင်းမှတ်တမ်း ။ Mai Kyaw Oo မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum http://hdvideonewsjp.blogspot.com/ ရဲ့ LIVE NEW မှကြည့်နိုင်ပါပြီ from www.pnsjapan.org |
| International Prayer 9-11 Prayer Memorial service .for 9/11/2001 and 3/11/2011 Date: 11 September 2011 Time : 10:00 AM to 12:00 Place: Memorial Hall Rissho Kokai Sumida Church Preaching : Rev.Masahiro Nemoto http://www.tokyoireikyoukai.or.jp/ireido.html |
| အဓိကအချက်ကတော့ NLD ပါတီ မသေဖို့ ဖြစ်တယ် 22August 2011 August 21, 2011 ဦးဝင်းတင်နဲ့ အင်တာဗျူး "အခုတကြိမ်မှာကျတော့ သူတို့ဖက်က သုံးနှုံးတဲ့ စကားလုံး ကိုယ်တိုင်မှာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုလို့ သုံးစွဲလာတယ်။ ဒါက ဘာပြသလဲဆိုတော့ သူတို့အစိုးရဖက်မှာကို ကွဲပြားတဲ့ သဘောထား ၂ရပ် ဖြစ်နေတာကို တွေ့ရတယ်" ယမန်နေ့ (သြဂုတ် ၁၆)က မြန်မာပြည်ရဲ့ အတိုက်အခံ ပါတီ NLD ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ တွေ့ဆုံ စကားပြောခွင့် ရခဲ့ပါတယ်။ အဲသည်မှာ အများက စိတ်ဝင်စားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့ အစိုးရသစ် တွေ့ဆုံပွဲကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူး ခရီးစဉ် စတာတွေကို မေးမြန်းဖြစ်ပါတယ်။ မေး - ယခင်အပတ်က ပဲခူးကိုသွားခဲ့တဲ့ ခရီးစဉ်က အရင်ပုဂံ ခရီးစဉ်လိုမျိုး ပုဂ္ဂိုလ်ရေး ခရီးစဉ်မျိုးပဲလား ခင်ဗျ။ ဖြေ - ကျနော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ်မေလကုန်က စတင်ပြီးတော့ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီးချိန်ကစလို့ ယခု၂၀၁၀ နိုဝင်ဘာလ လွတ်မြောက် လာပြီးတဲ့ နောက်ပိုင်း ပထမဦးဆုံး အကြိမ် နိုင်ငံရေး ခရီးစဉ်လို့ ပြောချင်တယ်။ ဒါက NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ နိုင်ငံရေး ခရီးလို့ ကျနော်တို့ဖက်က သုံးနှုံးပါတယ်။ အဖွဲ့ချူပ်ရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးတင်ဦး ကိုယ်တိုင် လိုက်ပါတဲ့ ခရီးဖြစ်တယ် ဆိုတာကို တွေ့ရတယ်။ မေး - ဆိုတော့ လက်ရှိ အာဏာရ အစိုးရက ခရီးစဉ်ကို ဘယ်လိုမျိုး တုန့်ပြန်တာမျိုး၊ ဆောင်ရွက် ပေးတာမျိုး ရှိတယ်လို့ ပြောနိုင်လဲ။ ဖြေ - လက်ရှိ အာဏာပိုင်တွေက ပြေပြေလည်လည်နဲ့ လိုက်လိုက်လျောလျော လုပ်ပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ကျနော်တို့ ဖက်ကလည်း လက်ခံတယ်။ အောက်ခြေပိုင်းက လုံခြုံရေး တာဝန် ယူသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို နွေးထွေး တက်ကြွစွာနဲ့ ကာကွယ် စောင့်ရှောက်မှုတွေ ပြုလုပ်ကြတာကို တွေ့ရပါတယ်။ ဦးတင်ဦး ကိုယ်တိုင်ကလည်း မိန့်ခွန်း ပြောဆို တာတွေလည်း ရှိပါတယ်။ ဒါတွေက ကြည့်လိုက်လို့ရှိရင် NLD ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ခရီးစဉ် ဆိုတာ လွန်ခဲ့တဲ့ ၇ နှစ် ဒီပဲယင်း အရေးအခင်း မတိုင်ခင်က အခြေအနေမျိုးလိုမျိုး ပြန်မြင် တွေ့ရတယ်လို့ ပြောလို့ရပါတယ်။ မေး - ဟုတ်ကဲ့။ နောက်တချက်ကတော့ လက်ရှိပြည်ထောင်စု ၀န်ကြီးတဦးဖြစ်တဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အပေါ်မှာကော တိုးတက်မှုတွေ၊ ကောင်းမွန် မှုတွေဆိုတာက ၂ ဖက်စလုံးမှာ ဖြစ်ပေါ်နေတယ်လို့ မြင်ပါသလား။ ဖြေ - အဲသည်မှာ တခု အရင်ပြောချင်တာက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတဲ့ အချက်တခုပေါ့လေ။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိပြည်ထောင်စုဝန်ကြီးက လက်ခံတွေ့ဆုံတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ပြည်ထဲရေးဝန်ကြီးဆီကို ပန်ကြားချက်အရ ဦးအောင်ကြည်နဲ့ တွေ့ခွင့်ရတာဖြစ်တာလိုမျိုး ပြောတယ်။ နောက်ပြီးတော့လည်း NLD ပါတီရဲ့ လှုပ်ရှားမှုတွေကို လက်ရှိအခြေအနေမှာ သူတို့ဖက်က စိတ်ကောင်း စေတနာကောင်းနဲ့ ကြည့်ထားမယ်။ ဒီအတိုင်း မျှောထားမယ်လိုမျိုးလည်း ပြောတယ်။ ဒါပေမယ့် နောက်ဆုံးကျရင်တော့ NLDပါတီဟာ မှတ်ပုံတင်ရမယ်လို့ ပြောတာမျိုးတွေ ရှိတယ်။ သို့သော် တဖက်ကလည်း လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေတယ်။ အရင် ပထမတွေ့ဆုံပွဲအပေါ်မှာ ကျနော်က ဦးအောင်ကြည်ဟာ လက်ရှိအစိုးရရဲ့ ဆက်သားပဲလို့တောင် သုံးနှုံးဖူးတယ်။ ဒါပေမယ့် အခုတကြိမ်မှာကျတော့ သူတို့ဖက်က သုံးနှုံးတဲ့ စကားလုံး ကိုယ်တိုင်မှာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုလို့ သုံးစွဲလာတယ်။ ဒါက ဘာပြသလဲဆိုတော့ သူတို့အစိုးရဖက်မှာကို ကွဲပြားတဲ့ သဘောထား ၂ရပ် ဖြစ်နေတာကို တွေ့ရတယ်လို့ ပြောချင်တယ်။ မေး - ဆိုတော့ အခု တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆိုတာဟာ တသီးပုဂ္ဂလ တွေ့ဆုံပွဲတွေ မဟုတ်ဘူး ဆိုရင် NLD ပါတီရဲ့ စီအီးစီတွေ၊ ခေါင်းဆောင်တွေနဲ့ တင်ပြတာတွေ၊ တိုင်ပင် ဆွေးနွေး တာတွေကိုကော ဒေါ်အောင်ဆန်းစုကြည်က လုပ်ပါသလား။ ဖြေ - လုပ်ပါတယ်။ အရင်တုန်းက ပထမအကြိမ် တွေ့ဆုံပွဲ ဖြစ်ခဲ့စဉ်က အချိန်အကန့်အသတ်အရ အခြေအနေအရ ပါတီ ဦးဆောင်သူတွေထဲက ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို အသိပေးခဲ့တယ်၊ ပြောဆိုခဲ့တယ်။ အခု ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ NLD ပါတီက စီအီးစီတွေ အားလုံးကို အသိပေး တိုင်ပင်တာ၊ တင်ပြတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လဲ ပါတီအနေနဲ့ ပြည်သူတွေကို ထုတ်ပြန် အသိပေးပါတယ်။ မေး - ဆရာတို့ပါတီထုတ်ပြန်ချက်ကလည်း ဒေါ်စုနဲ့ ဦးအောင်ကြည် ပူးတွဲ ထုတ်ပြန်ချက်ကို လက်ခံတယ် ဆိုတာလောက်ပဲ ဖြစ်နေတယ်လေ။ မြန်မာပြည်သူတွေ ကိုယ်တိုင်က သည်ထက် ပိုပြီးတော့ သိချင်တာတွေ ရှိနေတယ်။ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ လက်ရှိမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့၊ ခံစားနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ လိုလားချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က တင်ပြ တောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ မရှိဘူးလား။ နည်းနည်းတော့ သိချင်ကြတာပေါ့ ဆရာရယ်။ ကျနော်တို့ အပါအ၀င်ပေါ့။ ဖြေ - အခုအချိန်မှာ ကျော်ဆန်းတို့ အစိုးရတဖက်က သဘောထားတွေ ထုတ်ပြန်နေချိန်၊ တဖက်ကလည်း ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေချိန်မှာ ကွဲပြားမှုတွေကြားထဲမှာ ဆွေးနွေးနေတာဖြစ်တယ်။ အဲသည်လိုအခြေအနေတွေထဲမှာ ကျနော် ပြောလို့ရသလောက် ပြောရမယ် ဆိုရင် - ကျနော်တို့ အဓိကအချက်ကတော့ NLD ပါတီ မသေဖို့ ဖြစ်တယ်။ NLDကို ကွယ်ပျောက်သွားခြင်း မရှိစေရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ် ထို့အတူ NLDပါတီ ခေါင်းဆောင်လည်း ဖြစ်တယ်။ ဒါကြောင့် NLD ပါတီဟာ မသေစေရဘူး။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ပြောင်းလဲ ရပ်တည်ခြင်းမျိုး မဖြစ်စေရဘူးလို့ ကျနော်တို့က သဘောထားကို ကိုင်စွဲထားတယ်။ မေး - နောက်အချက်တွေအနေနဲ့ ဆရာတို့ပါတီ အပါအ၀င်ပေါ့လေ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လုံးဝ လွတ်မြောက်ရေး၊ ကူညီစောင့်ရှောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ပွဲတွေ ပပျောက်ရေး၊ ပြည်ထောင်စုအရေး၊ လူ့အခွင့်အရေးတွေအားလုံး အာမခံချက် ရရှိရေး၊ ကာကွယ် စောင့်ရှောက်နိုင်ရေး စတဲ့အချက်တွေပေါ့လေ။ ဒါတွေကို ဆရာတို့ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်တွေ၊ ဒီမိုကရေစီကွန်ယက်တွေ၊ လူမှုကွန်ယက်တွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုက တစိုက်မတ်မတ် တောင်းဆိုနေတယ်။ လှုပ်ရှားနေတယ်။ လှုံ့ဆော်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှု၊ တင်ပြမှု၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောနိုင်မလား။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ ယခင်က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဆရာတို့ ကိုယ်တိုင်လည်း ပြောခဲ့တယ်။ အဲသည် ၉၀ ရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ် ပြုကြရမယ် ဆိုတာမျိုးတွေ ပေါ့လေ။ ဖြေ - ကျနော့်အနေနဲ့ ပြောနိုင်သလောက် ပြောရရင်တော့ ကျနော်တို့တွေ အထက်က ခင်ဗျားပြောတဲ့ ကိစ္စတွေကို ဆွေးနွေးပါတယ်။ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျနော်တို့က အသေးစိတ် ထုတ်ဖော်ပြောဆိုတာတွေ မလုပ်နိုင်သေးပါဘူး။ သို့သော် အထက်ကပြောခဲ့သလို NLDရပ်တည်ချက် ပျောက်ပျက်မသွားဘူး။ NLD သေမသွားဘူး ဆိုတဲ့ အနေအထားနဲ့ ရပ်တည်ချက်နဲ့ ကျနော်တို့တတွေ ဆက်လက်ပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်လို့တော့ ပြောနိုင်ပါတယ်။ မေး - ဒါဆိုရင် ဟိုးအရင်တုန်းက ၂၀၀၇ သံဃာ့အရေးအခင်းအပြီးမှာ နိုင်ငံတကာနဲ့ မြန်မာပြည်သူလူထုရဲ့ ဖိအားတွေကြောင့် ဗိုလ်သန်းရွှေလက်ထက်မှာ တွေ့ဆုံဆွေးနွေးဖို့ သူ့ဖက်ကတောင်းဆိုခဲ့သလိုမျိုး အတိုက်အခံဖက်က ဒီအချက် ဒီအချက်တွေကို စွန့်လွှတ်မှ၊ ဒါတွေကို လျှော့မှ တွေ့ဆုံဆွေးနွေးမယ်လို့ ကြိုတင်စည်းမျဉ်းတွေ သတ်မှတ်ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ အခုဒီတခေါက်က အဲသည်လိုမျိုး တဖက်သတ် ကြိုတင် သတ်မှတ်ချက်တွေကို လက်ခံပြီး တွေ့ဆုံတာမျိုး မဟုတ်ပါဘူးလို့ ပြောနိုင်မလား ဆရာ။ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေက ၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်တယ်၊ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတယ်လို့ ကြိုတင်သတ်မှတ်ချက်တွေကို ခံဝန်ကတိပေးပြီးမှ သူတို့တွေ ရွေးကောက်ပွဲ ၀င်ခဲ့ကြတာမျိုးတွေ ရှိခဲ့တယ်။ အခု တွေ့ဆုံ ဆွေးနွေးပွဲ ဆိုတာ ၂ ဖက်စလုံးအတွက် အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲလား ဆရာ။ ဖြေ - အခုအချိန်မှာတော့ ကျနော့်အနေနဲ့က စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဆွေးနွေးတဲ့အထဲမှာလည်း NLDရဲ့ ပါတီရပ်တည်ချက် ရှင်သန်နေရေး၊ ၉၀ ရွေးကောက်ပွဲ အသိအမှတ်ပြုနိုင်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး စတာတွေကို ဆွေးနွေးနေပါတယ်လို့ ပြောလို့ရပါတယ်။ မေး - ဟုတ်ပါပြီ။ တွေ့ဆုံ ဆွေးနွေး အဖြေရှာနေပြီ ဆိုမှာတော့ လူထုလှုပ်ရှားမှုတွေ လှုံ့ဆော်မှုတွေက ဆက်လက်ပြီး လိုအပ်နေဦးမှာလား ဆရာ။ အထက်မှာ ပြောခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ သူတို့တွေကို မိသားစုတွေကို ကူညီ စောင့်ရှောက်အားပေးဖို့ လှုပ်ရှားမှုတွေ ရှိနေတယ်။ လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ တောင်သူလယ်သမားအရေး၊ ကိစ္စတွေ အာမခံချက် ရှိဖို့၊ ကာကွယ် စောင့်ရှောက်ဖို့၊ ချိုးဖောက်မှုတွေကို ထုတ်ဖော် တားဆီးဖို့တွေ လုပ်ဆောင်နေကြတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်။ တိုင်းရင်းသားတွေ အိုးမဲ့အိမ့်မဲ့ စွန့်ခွာနေရတယ်။ အထွေထွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကျပ်အတည်းတွေ ပြသနာတွေ ရှိနေတယ်။ ဒါတွေအတွက် ဆရာတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဦးဆောင်ပြီး လမ်းညွှန်မှုတွေ ပေးခဲ့တယ်။ လူထုလှုပ်ရှားမှုရဲ့ အခန်းကဏ္ဍကို ဘယ်လို သဘောထားမလဲဆရာ။ ဖြေ - ကျနော့်အနေနဲ့ ပြောနိုင်တာကတော့ တွေ့ဆုံဆွေးနွေးပွဲဟာ အစိုးရကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ပါတယ်။ မြန်မာပြည်သူ လူထုနဲ့ တိုင်းရင်းသားအရေး ကိစ္စတွေကိုပါ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အဲသည်အချိန်မှာ ပြည်သူလူထုတွေ တိုင်းရင်းသားတွေရဲ့ ပကတိ လှုပ်ရှားမှုတွေ၊ အသံတွေ၊ လှုံ့ဆော်မှုတွေကို ကျနော်တို့က ဘာမှ ကန့်ကွက်စရာ တားဆီးစရာ မလိုဘူးလို့ မြင်ပါတယ်။ ဒီလိုမျိုး မြန်မာပြည်သူ လူထုတွေရဲ့ လှုပ်ရှားမှုတွေ၊ လှုံဆော်မှုတွေ၊ စည်းရုံးနေကြတာတွေကလည်း တွေ့ဆုံ ဆွေးနွေးရေးကို ဆက်လက်ပြီး အထောက်အကူဖြစ်တယ်။ နိုင်ငံရေးအရ လူထုရဲ့ လှုပ်ရှားမှုတွေ အသံတွေ တောင်းဆိုမှုတွေကို ကျနော်တို့တတွေ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နားထောင်နေပြီးတော့ နားစွင့်နေပြီးတော့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ကိုင်ဖို့ လိုအပ်နေတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။ မူရင်း - ဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ၊ သြဂုတ် ၁၇၊ ၂၀၁၁ http://moemaka.blogspot.com/ |

| လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ပြောပြချက်အသံဖိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၄၅) နိုင်ငံတော်သည်သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းစောင့် ရှောက်ရမည်။ The Union shall protect and conserve natural environment. အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၀န်ကြီးဖြစ်သူ ဦးဇော်မင်းသည် နိုင်ငံတော်၏အခြေခံမူများ အခန်းပါ ပုဒ်မ(၄၅)ကိုကျူးလွန်ဖေါက်ဖျက်ခဲ့ ပါသည်။ “အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တွေကကန့် ကွက်နေလို့  နောက်ဆုတ်မှာလားလို့  မေးခွန်းတခုမေးပါတယ်။နောက်မဆုတ်ပါဘူး။ဆက်လုပ်မှာဖြစ်ပါတယ်”ဟုပြောဆိုခဲ့  ခြင်းသည်သက်သေထင်ရှားအများရှေ့ မှောက်တွင်ပြောဆိုခဲ့ ခြင်းဖြစ်ပါသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၉၀) နိုင်ငံသားတိုင်းသည် အောက်ဖေါ်ပြပါ ကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်။ (က)အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့် ရှောက်ခြင်း။ (ခ)သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့် ရှောက်ခြင်း။ (ဂ)လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေး မြင့် မားလာစေရန် ကြိုးပမ်းခြင်း။ (ဃ)အများပြည်သူပိုင်ပစ္စည်းများကိုထိန်းသိမ်းစောင့် ရှောက်ခြင်း။ 390. Every citizen has the duty to assist the union in carrying out the following matters: (a)preservation and safeguarding of cultural heritage: (b)environmental conservation: (c)striving for development of human resources: (d)protection and preservation of public property: ကျွန်ူပ်တို့ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများဖြစ်သည့် အတွက်ဖွဲ့  စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏တာဝန်ကိုထမ်းဆောင်ရန်ကြိုးစားခြင်းကိုလည်း၊ပြက်ရယ်ပြုခြင်း။တား ဆီးရန်ကြိုးစားခြင်းများပြုလုပ်ခဲ့ သည်ကိုလည်းထင်ရှားတွေ့ ရှိရပါသည်။ အထက်ပါအချက်များအရလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏၀န်ကြီးဦးဖော်မင်းသည်ဖွဲ့စ ည်းပုံအခြေခံဥပဒေ၏ပြဌာန်းချက်များအား (၁)ကိုယ်တိုင်ကျူးလွန်၊ဖေါက်ဖျက်ခြင်း။ (၂)နိုင်ငံသားတို့ ၏တာဝန်ကိုကျေပြွန်စွာထမ်းဆောင်လိုသူများအားခြိမ်းခြောက်ခြင်း။ ပြစ်မှုများကိုကျူးလွန်ကြောင်းတွေ့ ရှိရပါသဖြင့် စည်းကမ်းပြည့်  ၀သောဒီမိုကရေစီစံနစ်သို့  ဦးတည်နေသော နိုင်ငံတော်အစိုးရ ၏ဥပဒေများကိုချိုးဖေါက်သူ ဦးဇော်မင်းအား ဥပဒေအရ အရေးယူပေးနိုင်ပါရန် လေးစားစွာ တင်ပြတိုင်ကြားအပ်ပါသည်။ ဦးဝင်းချို နိုင်ငံသားမှတ်ပုံတင်အမှတ်၁၂/ရကန(နိုင်)၀၄၅၁၅၉ တိုက်(B)6 D ကံ့ ကော်အိမ်ယာ အမှတ်(၆၀)ဘိုရာညွန့်  လမ်း။ယောမင်းကြီးရပ်ကွက်။ဒဂုံမြို့ နယ်။ ရန်ကုန်တိုင်းဒေသကြီး။ ဆက်သွယ်ရန်ဖုံး။၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄ copy from http://www.dawnmanhon.com |
| လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုရင် ကြိုဆိုမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် နိုင်ငံရေးမှာ ပါဝင်လာမယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် အကြီးအကဲ ဦးခင်အောင်မြင့်က ပြောကြား လိုက်ပါတယ်။ RFA ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် အာဆီယံ ပါလီမန် အမတ်များ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်မောင်မြင့်ကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် အာဆီယံ ပါလီမန် အမတ်များ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်မောင်မြင့်က RFA လွတ်လပ်တဲ့ အာရှအသံနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ အခုလို ပြောသွားတာ ဖြစ်ပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ချစ်တဲ့ ဗိုလ်ချုပ်ရဲ့ သမီးပဲလေ။ သူသာ လွှတ်တော်ထဲဝင်လာရင် ကျနော်တို့က ကြိုဆိုပါတယ်။" ဒါ့အပြင် ဦးသိန်းစိန်အစိုးရ အဖွဲ့ အတွင်း ပျော့ပျောင်းသူတွေနဲ့ တင်းမာသူတွေအကြား အကွဲအပြဲ ပဋိပက္ခတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ဦးခင်အောင်မြင့်က ပြောပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတည်ငြိမ်မှုကို အာမခံနိုင်တဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမှာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အလိုအလျောက်ထည့်သွင်းထားတာကိုလည်း မလိုအပ်တော့တဲ့အချိန်မှာ ထည့်သွင်းမှာ မဟုတ်ကြောင်း၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရေး၊ မဖော်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ဦးခင်အောင်မြင့်က ပြောပါတယ်။ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။ |

| မစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ လျှပ်စစ်ဝန်ကြီး၏ ရှင်းလင်းချက်အပြည့်အစုံ link to www.dawnmanhon.coml |
| စီမံကိန်းတွေ အကောင်အထည်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးပြော2011-09-21 မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မနေ့က တရုတ် နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ UN Photo/Mark Garten အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပသည့် ၆၆ ကြိမ်မြောက် အထွေထွေ ညီလာခံအတွင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြနေစဉ်။ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေ ညီလာခံ ကာလ အတွင်း အခုလို တွေ့ဆုံတာလို့ တရုတ်အစိုးရ ဆင်ဝှါသတင်းဌာနက ဒီကနေ့ ကြေညာပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီက တရုတ်မြန်မာ မဟာ ဗျူဟာမြောက် အကျိုးတူ ဆက်ဆံရေး တိုးတက်လာဖို့ ၂ နိုင်ငံ အဆင့်မြင့်အရာရှိချင်း စဉ်ဆက်မပြတ် ဆက်ဆံရေး ထားရှိဖို့ ၊ ၂ နိုင်ငံ အကျိုးတူ စီမံကိန်းတွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ကို တရုတ်နိုင်ငံခြားရေး ၀န်ကြီးက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အတူ ကူညီဖို့ ဆန္ဒရှိတယ်လို့လည်း ပြောကြားခဲ့ကြောင်း ဆင်ဝှါသတင်းမှာ ဖော်ပြထားပါတယ်။ |
ချင်းမိုင်(မဇ္စျိမ) ။ ။ ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်း လစ်လပ်လျက်ရှိသော ပို့ဆောင် ဦးငွန်ဆန်းအောင်ကို ကြာသပတေးနေ့တွင် ကျင်းပသော ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးမှ ခန့်အပ်လိုက်သည်။ အသက် ၅၈ နှစ်အရွယ် ဦးငွန်ဆန်းအောင်သည် ဗဟိုအစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီးအဖြစ်မှ ယခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် အငြိမ်းစားယူခဲ့သူဖြစ်ကာ မည်သည့် နိုင်ငံရေး ပါတီဝင်မှ မဟုတ်ပေ။ ဟားခါးမြို့တွင်ပြုလုပ်သော အမတ် ၂၄ ဦးပါဝင်သည့် အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်ငိုင်းက အမည် စာရင်း တင်သွင်းပြီး သမ္မတဦးသိန်းစိန်က အတည်ပြုပေးသော ဦးငွန်ဆန်းအောင်ကို ကန့်ကွက်သူ မရှိ လက်ခံလိုက်ခြင်း လည်းဖြစ်သည်။ “အရင်ကထက် စာရင်တော့ ကျေနပ်ပါတယ်။ ဒါပေမယ့် သူ ဘယ်လောက်ထိ လုပ်ကိုင်ချင်စိတ် ရှိမလဲ အပေါ် မူတည်မှာပေါ့နော်။”ဟု ချင်းအမျိုးသားပါတီမှ အမတ်တဦးဖြစ်သော ဦးဇိုဇမ်းက မဇ္စျိမကို ပြောသည်။ “ကျနော်တို့ ချင်းပြည်နယ်မှာ အရေးကြီးဆုံးက လမ်းပန်း ဆက်သွယ်ရေးပဲ။ အဲဒါကို နားလည်တဲ့ ပုဂ္ဂိုလ်ကနေ ဖိဖိစီးစီး လုပ်နိုင်မှဘဲ ကောင်းလာမှာပါ။ စေတနာနဲ့ မနားမနေလုပ်ကိုင်ရမယ့် အခြေအနေ ရောက်နေပါတယ်” ဝန်ကြီးစာရင်း တင်ရာ၌ ကြံ့ခိုင်ရေးအမတ် ဦးပူးကွီထန်သည် ဝန်ကြီးအဖြစ်တာဝန်ယူရန် အသက် ၃၅ နှစ် မပြည့်သဖြင့် ချင်းပါတီဝင်များက ကန့်ကွက်ခံရကာ ပယ်ချခံရပြီး ယခုတွင် ပို့/ဆောက် ဌာနအတွက် ခန့်အပ်ခြင်း ဖြစ်သည်။ ချင်းတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးနိုထန်ကပ်ကတော့ “ကျနော်တို့ ဆန္ဒအတိုင်းဆိုရင် ငွေကြေးကုန်ခံပြီးတော့ တိုင်းပြည် အတွက် သိစ္စာရှိပြီးတော့ ပြိုင်ပွဲဝင်တဲ့ ပြည်နယ်လွတ်တော် အမတ်တွေထဲကနေ ခန့်စေချင်တယ်။ ချင်းပြည်နယ်မှာ ဝန်ကြီး ၉ ဦးရှိတယ်။ ဖလန်းကနေ ဝန်ကြီး တဦးမှ မပါဘူး။ အဲတော့ အဲဒီမြို့နယ်ကနေ ရွေးစေချင်တယ်လေ။ ခုတော့ အတည်ဖြစ်သွားပြီဆိုတော့ သူတို့နဲ့ ပူးပေါင်းပြီးတော့  ဆောင်ရွက်ရုံဘဲ ရှိတာပေါ့”ဟု ပြောသည်။ ယခင် ချင်းပြည်နယ် ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဖြစ်သူ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အသက် ၆ဝ နှစ်ရှိ ဦးကျင့်လန်ပေါင်ကို စက်မှုနှင့် လျှပ်စစ်ဝန်ကြီးဌာနသို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောင်းလဲ ခန့်အပ် လိုက်သည်။ ချင်းအမျိုးသားပါတီ CNP က သဘောဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနများကို ထပ်မံ တိုးချဲ့ပေးရန် ပထမဆုံးအကြိမ် ပြည်နယ်လွတ်တော် အစည်းအဝေးတွင် အဆို တင်သွင်းခဲ့သော်လည်း ပြည်နယ် ဝန်ကြီးချုပ်က နောင်မှ ဆွေးနွေးရန် အကြောင်းပြန်ခဲ့သည်။ ယခင်ချင်းပြည်နယ်တွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ ၊သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပို့ဆောင်ရေး၊ လူမှုရေး၊ စက်မှုနှင့် လျှပ်စစ်ဟူ၍ ဌာန ၉ ခုရှိသည်။ အဆိုပါ ဝန်ကြီးဌာနများတွင် ချင်းပါတီများက ဝန်ကြီးတဦးစီသာ ရွေးချယ်ခံရသည်။ ကျန်ဝန်ကြီးနေရာများမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စစ်ဘက်အမတ်များသာဖြစ်သည်။ ဦးငွန်ဆန်းအောင် (ခ) ဦးအောင်အောင် အသက် ၅၈ နှစ်။ ဇာတိ မတူပီ၊ ချင်းပြည်နယ်။ အလုပ်အကိုင် ပြည်နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီး။ အငြိမ်းစားယူသည့်နေ့ စက်တင်ဘာလ ၁၃ ရက်၊ ၂ဝ၁၁ ခုနှစ်။ ကိုးကွယ်သည့် ဘာသာ ခရစ်ယာန်။ ပါတီ မရှိ။ ပညာအရည်အချင်း Bachelor of Engineering (BE) မြို့ပြ အင်ဂျင်နီယာဘွဲ့။ ဇနီး ဒေါ်ဘုန်မွမ်း။ သားသမီး ၅ ဦး။ လိပ်စာ ဈေးဟောင်းရပ်ကွက်၊ ဟားခါးမြို့ ဦးကျင့်လျန်ပေါင် အသက် ၆ဝ နှစ် ပါတီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဇာတိ တွန်းဇမ်မြို့နယ် သာဘာ ခရစ်ယာန် အလုပ်အကိုင် ကုန်သည် ပညာအရည်အချင်း ၁ဝ တန်း(ခ) ဇနီး ဒေါ်ညောင်လန်းနွမ်းကျိန် သားသမီး ၈ ဦး ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်များ ဦးဟုန်းငိုင်း ဝန်ကြီးချူပ် ၁။ ဦးနိန်းနိုင်း စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု ၂။ ငွန်ဆန်းအောင် ပို့ဆောင်ရေး ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ၃။ ဦးနန်ဇမုန်း ဘဏ္ဍာရေးနှင့် စီမံကိန်း ၄။ ဒေါက်တာဘမောင် လူမှုရေး (ရှေးဟောင်းသုတေသန ဦးစီးဌာန) ၅။ ဦးဗန်ထောင် စိုက်ပျိုးရေး ၆။ ဗိုလ်မှူးကြီးဇော်မင်းဦး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၇။ ဦးရမ်မန်း စီးပွားရေးဝန်ကြီး ၈။ ဦးကျော်ငြိမ်း စွမ်းအင်၊ သတ္တုနှင့် သစ်တော ၉။ ဦးကျင့်လျန်ပေါင် စက်မှုနှင့်လျှပ်စစ် |
| ပြောင်းလဲနိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို 2011-09-15 RFA "ကျမတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေပါပြီ။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမဲ့ ဒါကျမ လူသိရှင်ကြားပြောပြီး ဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ကျမ ယုံကြည်တယ်။ ဒီအပြောင်းအလဲတွေဟာ ပြည်သူအတွက် တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ပါတယ်။" |
မြန်မာပြည်သူတွေရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာရေး အတွက် သမ္မတ ဦးသိန်းစိန်နဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ |
| Before you read ICG report......please listen (click) Aung San Suu Kyi upbeat over Burma Future in CGI. She talked only some of the government official. I trust her but I don't trust all the key person generals.We have to see their sincerity. I am optimist . We hope for the real change in our country near future. Thang Nang Lian Thang jplianthang@gmail.com |
| အခြေခံဂျပန်စာသင်တန်းအား အခမဲ့ဖွင့်မည်ဖြစ်ပါသဖြင့်၊ိတ်ပါဝင်စားသူများ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ၊ ၁၅ ရက်အထိနောက်ဆုံးထားပြီး၊ အောက်ပါလိပ်စာအတိုင်း လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာလိုက်ခြင်း ဖြစ်ပါတယ်။ ※ ဗီဇာ ၁ နှစ်အထက်ရှိသော ဂျပန်နိုင်ငံတွင် အမြဲနေထိုင်မဲ့ ပုဂ္ဂိုလ်များအတွက် ဖွင့်မည့်သင်တန်းဖြစ်ပါတယ်။ ※ သင်တန်းပြီးဆုံးတဲ့အထိ အကြိမ်တိုင်း သင်တန်းတက်ရောက်ပေးကြပါ။ ※ သင်တန်းလျှောက်ထားတဲ့အချိန်တွင် မေးမြန်းစစ်ဆေးခြင်း(Interview)ရှိပါတယ်။ သင်တန်းကာလ ၊၊ ၊၊ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်နေ့ မှ ၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလအထိ ၊ သင်တန်းနေ့ရက် ။ ။ တနင်္လာနေ့၊ အင်္ဂါနေ့၊ သောကြာနေ့ ၊ သင်တန်းအချိန် ။ ။ နံနက် ၈ နာရီ ၄၅ မိနစ်မှ နံနက် ၁၁ နာရီအထိ ၊ သင်တန်းနေရာ ။ ။ Support 21 (Meguroဘူတာမှ(၃)မိနစ်ခန့်လမ်းလျှောက်ရသောနေရာ) ဆက်သွယ်ရန်လိပ်စာ။ ။ (Support 21) Mizoho Bldg 3F, 2-12-2 Kamiosaki, Shinagawa-ku, Tokyo 141- 0021 (Tel;03-5449-1331 / Fax;03-5449-1332 / E- mail;info@support21.or.jp) |
| ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိ 2011-09-25 မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မယ့် ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝပ် ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ |
| NLD ၂၃ နှစ်ပြည့် အခမ်းအနားမှာ စည်းလုံးညီညွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား 2011-09-27 ဒီမိုကရေစီ ရရရှိရေးအတွက် ဆုပ်ကိုင်ထားတဲ့ မူတွေအပေါ်မှာ ရပ်တည်ပြီး ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။ |
| Refugees Coordination Committee-Japan Second Refugees Round Table Talk you to a Round Table on the subject of “Empowering Refugees: Local Integration on builds on the Participatory Assessment conducted by RCCJ and UNHCR in July 2011. At that time, refugees from diverse nationalities and backgrounds raised their concerns and suggested constructive solutions―and they placed particular emphasis on Japanese language education and local integration. October’s Round Table will explore these two topics further, in addition to serving as the first major event hosted by RCCJ’s newly elected Executive Committee. The event will also inspire RCCJ’s contributions to the Government of Japan’s pledges in commemoration of the 60th anniversary of the Refugee Convention and the 30th anniversary of Japan’s accession. The Round Table event is free of charge, but we ask all those who wish to attend to register by 6 October 2011 by e- mailing info@rccj.org with their name and contact information. We hope to see you there. Date:9th Oct 2011 Venue:4th Floor, Multipurpose Hall, Building 18, Komaba Campus, University of Tokyo Time:13:30-16:00 Access:Komaba-Todai-Mae station (Inokashira Line) information:info@rccj.org |
| For all of his years in the spotlight at the helm of Apple, Steve Jobs in many ways remains an inscrutable figure — even in his death |












| KHUA DO 2011 Japan 23 October 2011 |



| ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ရှိ 2011-10-31 Nambiar ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ငါးရက်ကြာ ခရီးစဉ်အဖြစ် စတင် ရောက်ရှိလာပါတယ်။ (Photo: UN Photo/Eskinder Debebe) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) နှင့် အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာ (ဝဲ) တို့ကို အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: UN Photo/Eskinder Debebe) မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြည်ထဲရေး ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို တို့ကို အရင်ဆုံး တွေ့ဆုံမှာ ဖြစ်ပြီး မနက်ဖြန် နေ့လယ် သုံးနာရီမှာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တခြား နိုင်ငံရေးနဲ့ တိုင်းရင်းသား ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့လည်း မစ္စတာ နမ်ဘီယာ တွေ့ဆုံဖွယ် ရှိတယ်လို့ ရန်ကုန် ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက အာအက်ဖ်အေကို ပြောပါတယ်။ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာအေးမောင် ကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် မစ္စတာ နမ်ဘီယာရဲ့ ခရီးစဉ်ဟာ အကျိုးရှိမယ်လို့ ယူဆကြောင်း ပြောပါတယ်။ မစ္စတာ နမ်ဘီယာဟာ မနက်ဖြန် နေပြည်တော် မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ ကျင်းပမယ့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ Global Green Forum ကို တက်ရောက်မယ် လို့လည်း သိရပါတယ်။ ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်လာနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ |

Further democratic reform in Burma must be achieved before it can chair the Association of Southeast Asian Nations (Asean) in 2014, observers have urged. A decision whether to grant Burma the Asean chair will be made at the organization's next summit in Bali this November. Several observers have told The Irrawaddy that there is a real possibility that Burma could win the Asean chair after positive remarks by Indonesian Foreign Minister Marty Natalegawa who visited the country last weekend. After his trip to Burma, Natalegawa said that he thought significant changes were happening in the country. Opposition leader Aung San Suu Kyi met Natalegawa during his visit and also indicated that she may support Burma’s bid if there were further moves towards democratic reform by Naypyidaw. Khin Ohmar, a leading Burmese activist who is the coordinator of the Burma Partnership and chairperson of the Network for Democracy and Development, told The Irrawaddy that significant steps such as releasing all political prisoners, ceasefires in ethnic regions and ending human rights abuses should be priorities for President Thein Sein. “Military offensives in border areas should be stopped immediately,” said Khin Ohmar. Natalegawa said in September that he would listen to the views of civil society organizations during his trip to Burma. However, Khin Ohmar said it was unfortunate that in reality the Indonesian foreign minister missed the opportunity to speak to ethnic minorities and recently freed political prisoners. During his trip, Natalegawa met with government officials including President Thein Sein and also pro-democracy icon Suu Kyi. He said that he planned to share his ideas gathered during the fact-finding trip to Burma with other Asean foreign ministers upon his return to Jakarta. Larry Jagan, a Bangkok-based Burma analyst, said that Suu Kyi’s voice will be a key indicator for Asean leaders to judge whether to grant Burma’s bid for the bloc chair. “I’m sure that [Natalegawa] is impressed by what he heard and saw,” said Jagan. A Rangoon-based journalist told The Irrawaddy that it was a real possibility that Burma could get the Asean chair in 2014 as Suu Kyi made positive noises in the media after meeting with the Indonesian foreign minister. Pu Cin Sian Thang, chairman of the Zomi National Congress in Rangoon, said on Monday that Burma should first release all political prisoners and follow this by making peace with ethnic armed groups in order to build democratic reform. The government must tackle armed conflicts in remote regions by 2014, he added. “We have heard the sound of gunfire, especially in ethnic minority areas, up until the present time. And perhaps the situation is worse than what we have heard. It is very important that [violence] is stopped,” said Cin Sian Thang. Suu Kyi met with Burmese Labor Minister Aung Kyi in Rangoon on Oct. 30 and the pair discussed economic and financial matters as well as peace talks with ethnic armed groups and a further amnesty. The two agreed to meet again in the near future. Zipporah Sein, general secretary of the Karen National Union (KNU), said unless government troops stop fighting with ethnic armed groups, Asean leaders should not give Burma a chance of becoming bloc chair. Naypyidaw should call ceasefires, engage in peace talks and withdraw government troops from ethnic areas, she added. Ethnic armed groups including Karen, Kachin, Karenni, Shan, Mon, Chin and Arakanese minorities have been fighting the government for autonomy for more than six decades. Observers also said that Burma should learn from Indonesia with regards resolving conflicts with its ethnic minority groups. Jakarta made peace with the Free Aceh Movement in 2005 after 29 years of war. Mohammad Miqdad, the executive director of the Jakarta- based Peace Building Institute, told The Irrawaddy that the Indonesian experience offers a precedent from which the people of Burma can learn. “Negotiations between minority and majority ethnicities should be arranged. That could achieve the same result [as Indonesia] in Myanmar’ future,” said Miqdad. In Indonesia’s Reformation Order, the government bestowed Aceh and Papua with special autonomy. The government agreed to negotiate in Aceh in order to achieve peace, with talks mediated by former Finnish President Marti Ahtisaari, said Miqdad. However, he said that it was the responsibility of every community to strive for peace and not just a dialogue between the government and military men. |


| ZOMI National Congress Party PU Cin Sina Thang's message |
| တောင်းဆို 2011-10-24 ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ တည်ထောင်မှု ၂၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးမြို့ ရှိ ပါတီ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန် အိမ်မှာ ဒီကနေ့ နေ့လည် ၂ နာရီက ကျင်းပခဲ့ပြီး ဒီအခမ်းအနားမှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ (Photo: RFA) ၂၀ဝ၇ ခုနှစ် စက်တင်ဘာလက ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုတွင် ဇိုမီး တိုင်းရင်းသားများလည်း အတူ လက်တွဲ ပါဝင်ကာ စီတန်းလှည့်လည်နေပုံ ဖြစ်ပါသည်။ (Photo: RFA) အများပြည်သူ တင်မြောက်တဲ့ ပြည်သူ့အစိုးရကို အဓိက ဦးတည်ထားပေမယ့် ဒီကနေ့အထိ မပေါ်ပေါက်သေးကြောင်း၊ ကြားကာလမှာ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်ကြောင်း၊ ရှမ်းခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဒေါက်တာ တင်မင်းထွန်း၊ ဦးညီပု နဲ့ ဇိုမီးလူငယ်အဖွဲ့က ဖမ်းဆီးထားတဲ့ အဖွဲ့ဝင်တွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ တောင်းဆိုထားကြောင်း ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ အတွင်းရေးမှူး ဦးကမ်လျမ်က အာအက်ဖ်အေကို ပြောပါတယ်။ ဒီ ကြေညာချက်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကိုလည်း ပြန်လည် လွှတ်ပေးဖို့  တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာတွေ ပပျောက်ပြီး ရေရှည် ငြိမ်းချမ်းရေး ရဖို့အတွက်ဆိုရင် ပင်လုံစာချုပ်ပါ သဘောတူချက်တွေကို ပြန်လည် အကောင်အထည် ဖော်သင့်တယ်လို့လည်း ဦးကမ်လျမ်က ပြောဆိုပါတယ်၊ ဇိုမီး အမျိုးသား ကွန်ဂရက် ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တီးတိန်၊ တွန်းဇံ၊ ကလေးနဲ့ တမူးမြို့ နယ် မဲဆန္ဒနယ်တွေမှာ အနိုင်ရခဲ့ပါတယ်။ ဇိုမီးအမျိုးသား ကွန်ဂရက်ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးပူကျင့်ရှင်းထန် ဟာ CRPP ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ copy from RFA |


| အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell သည် မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နေအိမ်တွင် သွားရောက်တွေ့ဆုံပြီး သီးသန့်ဆွေးနွေးခဲ့သည်။ |
| မြန်မာ့ဒီမိုကရေစီကွန်ယက် NDB-Japan ၏ ရှေ့လုပ်ငန်းစဉ်ဆွေးနွေးခြင်း လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေသည် အသွင်သဏ္ဍန် အသစ်တခု အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီကွန်ယက် (NDB )၏ တဖွဲ့ခြင်းအလိုက် မိမိတို့ အဖွဲ့အစည်း၏ နိုင်ငံရေး ရပ်တည်ချက်များ၊ လှုပ်ရှားမှုများကို ပြန်လည် သုံးသပ်ရန်နှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းဝေးကို Takadanobaba အရပ်ရှိ TAKADA DAI -2 KUMIN SHUKAI SHITSU ၌ ဆွေးနွေးခဲ့ကြပါသည်။ သတင်းမှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum pnsjapan.org |


| Sunday, November 6, 2011 Burmese Army took 4 Kachin Women – အမျိုးသမီး ၄ ဦး အစိုးရ စစ်တပ်က ခေါ်ဆောင်သွား နိုဝင်ဘာ၅၊ ၂၀၁၁ ယမန်နေ့ ည ၃ နာရီက မြစ်ကြီးနားမြို့နယ် တာလောကြီး နှင့် ၁၅ မိုင် ဝေးသည့် နဆိုင်းခထုံ ကျေးရွာမှ အမျိုးသမီးကြီး ၄ ဦးကို မြန်မာ အစိုးရ စစ်တပ်က ခေါ်ဆောင် သွားရာမှာ ယနေ့ ညနေထိ မည်သည့် ရည်ရွယ်ချက်နဲ့ ခေါ်ဆောင် သွားပြီး မည်သည့် နေရာမှာ ထားရှိတယ် ဆိုတာ မသိရသေးဘူးလို့ ဒေသခံနဲ့ အဆက်အသွယ်ရသူ တဦးက မိုးမခသို့ ပြောသည်။ ခေါ်ဆောင်သွားခြင်း ခံရသူ ၄ ဦးမှာ ဒေါ်အင်ဗွေး၊ ဒေါ်ကော့ရှောင်၊ ဒေါ်လဖိုင်ထူနှင့် ဒေါ်မရန်လုတို့ ဖြစ်ကြသည်။ ၎င်းတို့ ၄ ဦးမှာ သားသမီး ၃ ၊ ၄ ဦး ရှိနေကြသည့် အမျိုးသမီးကြီး အရွယ်များ ဖြစ်ကြ၍ ပေါ်တာအဖြစ် အသုံးချရန် ရည်ရွယ်ပြီး ခေါ်ဆောင် သွားသည်ဟု ယူဆရသည်ဟု ဒေသခံများက ပြောသည်။ တာလောကြီးတွင် အခြေချသည့် ခလရ ၁၄၁ နှင့် ခလရ ၂၁၂ မြန်မာအစိုးရ တပ်ရင်း ၂ ရင်း ရှိ၍ ယင်းရွာသို့ လာရောက် ခေါ်ဆောင် သွားသည့် အစိုးရတပ်မှာ မည်သည့် တပ်ရင်းမှ ဖြစ်သည်ကို တိကျစွာ မသိရှိဟု ပြောသည်။ ယင်းဒေသတွင် ကေအိုင်အေ ၏ ခလရ ၁၈ အခြေစိုက်ပြီး အဆိုပါ တပ်ရင်းမှ တပ်များနှင့် ကေအိုင်အေ အကြား တိုက်ပွဲများ ဖြစ်ပွား နေသည်ဟုလည်း သိရှိရသည်။ ၁၇ နှစ်ကြာ အပစ်ရပ် ငြိမ်းချမ်းရေး ယူထားသည့် ကချင် လက်နက်ကိုင် ကေအိုင်အေနှင့် မြန်မာအစိုးရ တပ်များ အကြား ယခုနှစ် ဇွန်လမှ ပြန်လည် ဖြစ်ပွားပြီးနောက်တွင် အရပ်သား ထောင်ပေါင်း များစွာ လိုင်ဇာ၊ တရုတ်နိုင်ငံ နယ်စပ်နှင့် မြစ်ကြီးနား၊ ၀ိုင်းမော်၊ စသည့်မြို့များသို့ ထွက်ပြေး တိမ်းရှောင် နေကြရပြီး အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ မလုပ်ကိုင် နိုင်သကဲ့သို့ ပေါ်တာဆွဲခြင်း၊ ရိုက်နှက် သတ်ဖြတ် ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများလည်း ဆက်တိုက် ဖြစ်ပွား လျက်ရှိသည်။ ကချင်ကလေး၊မြစ်ကြီးနား သတင်းရင်းမြစ် - မိုးမခ |
| မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုချင်း အလိုက် အမေရိကန် တုံ့ပြန်မည် 2011-11-08 မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်း တစ်လှမ်းချင်း အလိုက် တုံ့ပြန်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ms. Victoria Nuland က မနေ့က ထပ်ပြီး ပြောကြားလိုက်ပါတယ်။ US Department of State အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းတင်ပြနေစဉ်။ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ လက်ထောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတို့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေး ထပ်ပြီး လုပ်ဆောင်လာအောင် အမေရိကန် အစိုးရဘက်က ပြင်ဆင်ထားမှု ရှိမရှိ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ အခုလို တုံ့ပြန် ပြောကြားလိုက်တာပါ။ အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ ခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြန်လည် စိစစ် သုံးသပ်နေကြောင်း၊ ဌာနတွင်း ဆွေးနွေးတာတွေလည်း ရှိနေကြောင်း၊ ဘာလီကျွန်းမှာ မြန်မာကိစ္စ ပေါ်လာစရာရှိပြီး ဖြစ်ပေါ် တိုးတက်မှုတွေကို ဆက်ပြီး စိစစ် အကဲဖြတ်သွားမှာ ဖြစ်သလို ဖြေရှင်း ဆောင်ရွက်ဖို့ လိုအပ်တာတွေကိုလည်း အမေရိကန် အစိုးရအနေနဲ့ ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်ကြောင်း Ms. Nuland က ပြောပါတယ်။ အမေရိကန် အထူးကိုယ်စားလှယ် Mr. Derek Mitchell နဲ့ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Michael Posner တို့ရဲ့ မြန်မာ ခရီးစဉ်အဆုံး မြန်မာနိုင်ငံမှာ အသေးစား ချေးငွေ ကူညီမဲ့အကြောင်းနဲ့ ခရီးသွားလာရေး ကန့်သတ်ချက် တချို့ လျှော့ပေါ့မဲ့အကြောင်း ကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဆီယံ ထိပ်သီး ညီလာခံ ကာလမှာ အမေရိကန် သမ္မတ အိုဘားမား တက်ရောက်ဖို့ ရှိပြီး ညီလာခံကာလ အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမဲ့ အလားအလာ ရှိကြောင်း သတင်းမီဒီယာတွေက ရေးသား ပြောဆိုနေကြပါတယ်။ ဘာလီညီလာခံ ကာလအတွင်း အမေရိကန်ဘက်က မူဝါဒနဲ့ အညီ နောက်ထပ် တုံ့ပြန် ဆောင်ရွက်ဖို့ ရှိမရှိ ဆိုတာကိုတော့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Ms. Nuland က လောလောဆယ် ကြေညာဖို့ရာ မရှိသေးကြောင်း ဖြေဆိုခဲ့ပါတယ်။ Radio Free Asia. |
| အင်အယ်လ်ဒီ မှတ်ပုံတင်ရေး ၁၈ ရက်နေ့ ဆုံးဖြတ်မယ် 2011-11-08 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖို့ လာမဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဗဟိုဦးစီးအဖွဲ့  အစည်းအဝေး ခေါ်ယူမှာဖြစ်ကြောင်း သိရပါတယ်။ AFP အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့၊ ဗဟိုဌာနချုပ် ရုံးရှေ့တွင် စစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင်သော ပိုစတာ ကပ်ထားသည်ကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ နိုဝင်လာလ ၈ ရက် ဒီကနေ့ မနက်ပိုင်း ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်း ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်ဖွဲ့  အစည်းအဝေးကနေ ခုလို ဆုံးဖြတ်ခဲ့တာလို့ အင်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။ လောလောဆယ်မှာ တည်ဆဲ ဗဟိုဦးစီးအဖွဲ့ဝင် တစ်ရာနဲ့ ခြောက်ဦး ရှိပါတယ်။ ဗဟိုဦးစီး အဖွဲ့ဝင်တွေကို ၂၀၁၀ နှစ်ဦးပိုင်းက ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ပြည်နယ်နဲ့တိုင်း ခေါင်းဆောင်တွေ ညှိနှိုင်းရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မနက် ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့် စတဲ့ ပုဂ္ဂိုလ်တွေတက်ရောက်ကြတယ်လို့ သိရပါတယ်။ from rfa |
| ၂၀၀၈ အခြေခံဥပဒေရဲ့ အနှစ်သာရ တခုလုံးက ကန့်သတ်မှုနဲ့  ပိတ်ပင်မှု ဖြစ်တယ်။ ကန့်သတ်မှုက ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲ မ၀င်နိင်အောင်၊ မြန်မာနိင်ငံကို ဦးဆောင်ခွင့် မရအောင်၊ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်နိင်အောင်ပါ။ ပိတ်ပင်မှုက လူထု အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ မရအောင် ပိတ်ပင်ထားတာ။ ပုဒ်မ ၅၉(ခ) မှာ ဆိုရင် သမတ၊ ဒုသမတရဲ့  သူရော၊ သူခင်ပွန်း၊သားသမီး၊ ချွေးမ၊သားမက်ပါ နိင်ငံခြားသား မဖြစ်ရလို့ပါတယ်။ သူကိုယ်တိုင်က နိင်ငံခြားသားမဖြစ်ရဆိုတာတော့ကြား ကောင်းပါတယ်။ ဘာကြောင့် ခင်ပွန်း၊ သားသမီးနဲ့  ချွေးမ၊ သားမက်တွေအထိ ခြည်နောင်ထားသလဲ။ ကျဉ်းမြောင်းတဲ့ အခြေခံဥပဒေ ဖြစ်နေပါတယ်။ ပုဒ်မ ၅၉ (ဃ) မှာတော့ သမတ ဟာ စစ်ရေးအမြင် ရှိရမယ်လို့ ဆိုပါတယ်။ စဉ်းစားကြည့်ပါဦး သမတ အိုဘားမားက စစ်တပ်က လာတာမှမဟုတ်တာ။ တရုပ်သမတ -ဟူကျင်းတောင်လဲ စစ်သားမဟုတ်။ ဒါပေမဲ့သူတို့ဟာ အခြေခံဥပဒေအရ သမတ ဖြစ်လာတာနဲ့ တပ်မတော်ရဲ့  စစ်သေနာပတိတွေ၊ စစ်ကော်မရှင် ဥက္ကဌ တွေဖြစ်လာတာပဲ ဖြစ်ပါတယ်။ ပုဒ်မ ၂၀၃ မှာတော့ ဒေါ်စုက သာလွတ်တော်အမတ် ဖြစ်လာရင် အစိုးရအဖွဲ့မှာ ၀န်ကြီး နေရာ တခုခုကိုယူခဲ့ ရရင် သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှုတ်ထွက်ရမယ်။ ကြပ်ပြေးမှာ သွားနေနေရမယ်။ ရွေးကောက်ပွဲ ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေမှာတော့ ပါတီကို မှတ်ပုံပြန်တင်ရင် ဒေါ်စုနဲ့ ပါတီခေါင်းဆောင် ၁၅ ဦးဟာလက်မှတ်ထိုးရမယ်။ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၄၊၅၊၆ ဆိုတာတွေနဲ့ ရင်ဆိုင် ရမယ်။ ဒါတွေက ကျနော်တော်၊ကျွန်မတို့သည် ၂၀၀၈ အခြေခံ ဥပဒေ ကို လေးစား လိုက်နာ ပါမည်ဆိုတဲ့ ခံဝန်ကတိကို လက်မှတ်ထိုး ကြရပါလိမ့်မယ်။ တကယ်က ၂၀၀၈ အခြေခံ ဥပဒေဟာ သန်းရွှေက လမ်းညွန် ပေးခဲ့ပြီး ထွန်ရှင်နဲ့ သောင်းညွန့် ဆိုတဲ့ ရှေ့နေ နစ်ယောက်က ရေးခဲ့တာပါ။ သူတို့ဟာ သာမန် ရှေ့နေ တွေမျှသာဖြစ်ပြီး အခြေခံ ဥပဒေ ရေးဆွဲတဲ့ ရှေ့နေ မဟုတ်ကြပါဘူး။ အခြေခံ ဥပဒေတိုင်းက လူထုကို ကာကွယ်ပေးပြီး အစိုးရကို ဖိနိပ်မှုတွေ မလုပ်နိင်အောင် ကန့်သတ် ကြတာပါ ။ မြန်မာ ပြည်အခြေခံ ဥပဒေကတော့ ပြောင်းပြန် ဖြစ်နေတယ်။ လူတွေကို ဖိနိပ်ချုပ်ခြယ်ပြီး သူတို့က လွတ်လပ်စွာ အာဏာကို အလွဲသုံးစား ပြုခွင့်တွေ ယူထားတဲ့ ဥပဒေ ဖြစ်နေပါတယ်။ ၂၀၈၈ အခြေခံဥပဒေကို လုံးဝ လက်ခံလို့ မရဘူး ဆိုတာကို အကြံပြုလိုပါတယ်။ မိုးသီးဇွန် Copy from - komoethee.blogspot |
| ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးအဆိုကို ဗဟိုကော်မတီ အစည်းဝေးကို နိုဝင်ဘာ ၁၈ရက် နေ့ သို့ ထပ်မံရွေ 11/08/2011 (click) 0 Comments NLD ဗဟိုကော်မတီအစည်းဝေး ၁၈ ရက်နေ့ ရွေ့ ဆိုင်း ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးအဆိုကို ခေါင်းဆောင်မှုအတွင်း ဆုံးဖြတ်ချက်မကြပါ။ အကျိတ်အနယ်ဆွေးနွေးကြမည်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုကော်မတီ ၁၀၆ ဦးပါ အစည်းဝေးကို နိုဝင်ဘာ ၁၈ရက် နေ့ သို့ ထပ်မံရွေ့  ဆိုင်းလိုက်ကြောင်းသိရပါတယ်။ ရွေးကောက်ပွဲဝင်မည်ဆိုပါက၂၀၀၈အခြေခံဥပဒေကိုလေးစားလိုက် နာတယ်ဆိုတာကိုဝန်ခံလိုက်ရတဲ့ သဘောဖြစ်ပါတယ်။ ဦးဝင်းတင် ကအတော့ကို စိတ်ပျက်မိကြောင်းပြောပါတယ်။ ၈၈၈၈ ပြည်သူ့ နေ့ စဉ်http://www.8888peopletoday.net/ |
| ပြောင်းလဲရေးလုပ်ရင် မိတ်ဆွေဖြစ်လာဖို့ အဆင်သင့်ဖြစ်ကြောင်း လင်တန်ပြောကြား 2011-11-10US policy on Burma |

| Suu Kyi Says End of Sanctions Depends on Govt |
| အကျဉ်းသား လွှတ်ခါနီးဆဲဆဲမှ ကာလုံအဖွဲ့ အကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ကောင်စီရဲ့ နောက်ဆုံးအချိန်မှာ ရောက်လာတဲ့ ညွန်ကြားချက်ကြောင့် ဆိုင်းငံ့ခဲ့ရတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိ တစ်ဦးကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ AFP သတင်း တစ်ရပ်မှာ ရေးသား ဖော်ပြ လိုက်ပါတယ်။ လောလောဆယ် အထိတော့ အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပတ်သက်လို့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီထံက ဘာညွှန်ကြားချက်မှ ရောက်မလာသေးဘူးလို့ သူက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတရဲ့ လွတ်ငြိမ်းခွင့် အမိန့်နဲ့ ဖြေးဖြေးချင်း လွှတ်ပေးချင်တာကြောင့် အခုလို ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပုံရတယ်လို့လည်း အဲဒီအရာရှိက ပြောကြောင်း၊ အာဏာပိုင်တွေ အနေနဲ့ သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ပြီး အာဆီယံ ထိပ်သီး ညီလာခံ မတက်ရောက်ခင် အချိန်အထိ လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ကိစ္စကို ဆိုင်းငံ့ထားဖွယ် ရှိကြောင်း သတင်းမှာ ဆက်လက် ဖော်ပြထားပါတယ်။ rfa |