
| Maungwto's Channel You Tube Save The Irrawaddy -Tokyo 19-9-2011 |



| Chin National Community-Japan |
| Thanks for Visiting |
| Tsurumi University Symposium "Dental Treatment Support for Asylum Seekers" Co-hosted by UNHCR,TsurumiUniv,F RJ |
| ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) Association of United Nationalities in Japan, AUN-Japan ၏ ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် အလုပ်အမှုဆောင် ကော်မတီသစ် ရွေးချယ် |
| AUN-JAPAN 2011 |
| ဂျပန်လွှတ်တော်အမတ်တွေကို မြန်မာပြည် အရေး တင်ပြ 2011-07-12 ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။ ဂျပန်လွှတ်တော်တွင် မြန်မာ့အရေး ဆောင်ရွက်သော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ အမတ်တဦးဖြစ်သူ Kono Astuma က ဦးဆောင်ပြီး မြန်မာ့အရေးကြားနာပွဲ တရပ်ကို ဂျပန်လွှတ်တော် အဆောက်အဦ တခုတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပနေပုံ။ ဓါတ်ပုံ - nldlajb.blogspot မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဦးတည်နေတဲ့ အစိုးရသစ် တရပ် ပေါ်လာတာကြောင့် ဂျပန် အစိုးရက မြန်မာနိုင်ငံကို ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွါးရေး အကူအညီတွေ ပြန်ပေးဖို့ စဉ်းစားနေတယ် ဆိုတဲ့ အချက်ကို ပြန်လည် သုံးသပ်ဖို့ဂျပန်လွှတ်တော်အတွင်း ဒီကနေ့ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။ တိုကျိုမြို့ ဂျပန်လွှတ်တော် အဆောက်အဦတွင်း ကျင်းပတဲ့ အဲဒီ ဆွေးနွေးပွဲကို NDB မြန်မာ့ ဒီမိုကရေစီ ကွန်ယက်၊ KWAJ ကချင် အမျိုးသမီး အစည်းအရုံး (ဂျပန်) နဲ့ Burma- Info NGO အဖွဲ့ဝင်တွေ တက်ရောက်ပြီး ဂျပန်နိုင်ငံဘက်က GIREN ဂိရင်ခေါ် မြန်မာ့အရေး ထောက်ခံသော ဂျပန် အမတ်များ သမဂ္ဂ အဖွဲ့ဝင် ဂျပန်လွှတ်တော် အမတ်တွေနဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေ စုစုပေါင်း (၂၀)ကျော် တက်ရောက်ကြောင်း သိရပါတယ်။ အစိုးရရဲ့ အထက်မှာ စစ်ကောင်စီဆိုတာရှိနေတဲ့အတွက် မြန်မာနိုင်ငံဟာ အများမျှော်လင့်သလို ဒီမိုကရေစီ နိုင်ငံ အဖြစ်ကို မရောက်နိုင်သေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို မသွားနိုင်ပဲ ဆန့်ကျင်သူ မှန်သမျှကို ဖိနှိပ် ချေမှုန်းမယ်ဆိုတဲ့ အယူအဆနဲ့ သွားနေတဲ့အတွက် တိုင်းရင်းသားများနဲ့ ပြည်တွင်းစစ် ဖြစ်ပွါးနေကြောင်း၊ ဒီစစ်အတွင်းမှာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ရရှိတဲ့ လက်နက်တွေ အပြင် ဓါတုလက်နက်တွေကို အသုံးပြုနေတယ် ဆိုတဲ့ အထောက်အထားများကို ရှင်းလင်း တင်ပြခဲ့ကြောင်း တိုကျို မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမင်းညို က ပြောပြပါတယ်။ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန ကတော့ ကချင် စစ်ပွဲဒေသနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ သတင်း အချက်အလက် အပြည့်အစုံ မရသေးကြောင်း၊ စစ်ပြေး ဒုက္ခသည်တွေကို ကုလသမဂ္ဂ အဖွဲ့တွေက တဆင့် ကူညီဖို့ စဉ်းစားသွားမည့်အကြောင်း ပြန်လည်ပြောဆိုတယ်လို့ သိရပါတယ်။ ဂျပန်လွှတ်တော် ကြားနာပွဲမှာ ဆွေးနွေးကြတာနဲ့ ပတ်သက်ပြီး RFA ၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်ရဲ့ စုစည်းတင်ပြချက် အပြည့်အစုံကိုနားဆင်ပါ။ news from RFA |
| Japan Hand over to new Board Member Thang Nang Lian Thang Chair: ( 2010- 2011 ) Ms Marip Seng Bu Secretary General (2011-2012 ) University of Tokyo (Komaba campus ) 31-07-2011 |
| ကိုယ့်အမည် ကိုယ်ရေး ကိုယ့်မဲ ကိုယ်လိမ်ခဲ့တဲ့ သိန်းစိန်တို့ ရဲ့  လုပ်ရပ်တွေကို http: //niknayman-niknayman.blogspot.com/ |

| ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၉)ရက်။ (click more picture) SAVE THE IRRAWADDY “ ဧရာဝတီကို ကာကွယ်ကြစို့ ” |


| SAVE THE IRRAWADDY “ ဧရာဝတီကို ကာကွယ်ကြစို့ ” “ ဧရာဝတီကို ကာကွယ်ကြစို့ ”ဆွေးနွေးပွဲ အခမ်းအနားကို တိုကျို TOSHIMA-KU Otsuka DaIchi ခမ်းမ၌ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)-Japan မှ ဦးစီး၍ ယနေ့ နေလည် ၁း၀၀ နာရီမှ ၅း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဧရာဝတီ မြစ်ဆုံဒေသနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် မြန်မာပြည်ရဲ့ သဘာဝ ဘေးအန္တရာယ်သာမက တမျိုးသားလုံးရဲ့ လူမှုဘ၀တွေ၊ အနာဂတ်တွေပါ ထိခိုက် ပျက်စီးသည့် မြစ်ဆုံ ရေကာတာ တည်ဆောက်နေမှု ဆိုးကျိုးများ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပြည်သူလူထု၏ သဘောထား အသံ လှုပ်ရှားမှု များတို့ကို တာဝန် ရှိသူများတို့မှ ဆွေးနွေး သွားခဲ့ကြပါသည်။ ဧရာဝတီ မြစ်ဆုံမှာ တည်ဆောက်သွားမည့် ဆည်ကြီးသည် ပြည်သူလူထု တရပ်လုံးအတွက် အကျိုး တစုံတရာမှ မရရှိကြပဲ အာဏာရှင် လူတစုနဲ့ တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီ တွေသာလျှင် အကျိုးအမြတ်တွေ ခံစားရတာ ဖြစ်သည့်အတွက်ကြေင့် တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေကို ဆည်တည်ဆောက်မှုလုပ်ငန်း ရပ်တန့်ရန်အတွက် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် ဖိတ်ခေါ်ပြီး နိုင်ငံတကာရှိ တရုတ်သံရုံးများကို ဆန္ဒပြ ဆန့်ကျင်ကန့်ကွက် သွားကြမည့် လုပ်းငန်းစဉ်များနှင့် ဧရာဝတီကို ကာကွယ် လှုပ်ရှားနေကြသည့် ပြည်တွင်း လှုပ်းရှားမှုများတို့ကို ပံ့ပိုးကူညီ ဆောင်ရွက် သွားကြမည့် လုပ်ငန်းစဉ်များပါ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။ သတင်းမှတ်တမ်း ။ Mai Kyaw Oo http://hdvideonewsjp.blogspot.com/ ရဲ့ LIVE NEW မှကြည့်နိုင်ပါပြီ from www.pnsjapan.org |

| International Prayer 9-11 Prayer 9/11/2001 3/11/2011 Date: 11 September 2011 Time : 10:00 AM to 12:00 Place: Memorial Hall Rissho Kokai Sumida Church Preaching : Rev.Masahiro Nemoto http://www.tokyoireikyoukai.or.jp/ireido.html |
| အလုပ်သမားရေးရာအလုပ်ရုံဆွေးနွေပွဲ အမှတ်စဉ်(၁၆) နိုင်ငံမဲ့ကလေးသူငယ်များနှင့်ယင်း၏နောက်ဆက်တွဲပြဿနာများ(The Stateless Children and its Consequences) ဟူသောခေါင်းစဉ်ဖြင့်အလုပ်သမားရေး ရ်ာရုံဆွေးနွေးပွဲတခုကိုကျင်းပမည်ဖြစ်ပါသောကြောင့် ဂျပန်နိုင်ငံတွင်မွေးဖွားပြီး (သို့မဟုတ်)မွေးဖွားမည့် မြန်မာနိုင်ငံသားတွေရဲ့  နိုင်ငံမဲ့ကလေးသူငယ်များဆိုတဲ့သောက နှင့် ဤအလုပ်ရုံဆွေးနွေးပွဲကိုအောက် ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့်ကြွရောက်ဆွေးနွေးကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။ ဟောပြောမည့်သူများ။ ။ ODAWARS AYANE SENSEI (ရှေ့ နေ) CHIN SAN (ကိုယ်တိုင်ကြုံတွေ့သူ) ကျင်းပမည့်ရက်။ ။ ၂၀၁၁-ခုနှစ်စက်တင်ဘာလ(၂၅)ရက်၊တနင်္ဂနွေနေ့ ကျင်းပမည့်အချိန်။ ။ မွန်းလွဲ ၁-နာရီ မှ ညနေ ၅-နာရီအထိ၊ ကျင်းပမည့်နေရာ။ ။ တိုကျိုဆယ်မီနာဟောက်စ်၊အိုဆာကာ စီးပွားရေးနှင့်ဥပဒေပညာတက္ကသိုလ်၊ (Tokyo Seminar House-Osaka Universary of Economics and Law) Azabudai 1-11-5 ,Tokyo 106-0041 လမ်းညွှန်။ ။ Hibiya Line -Kamiyacho Station Exit-1 (walk for 5 min) စုံစမ်းရန်။ ။090 5318 5054 - 080 4005 7098 - 090 2443 4036 - 080 3578 7366 -080 4355 1340 - |
| (click) Aung San Suu Kyi upbeat over Burma Future in CGI. She talked only some of the government official. I trust her but I don't trust all the key person generals.We have to see their sincerity. I am optimist . We hope for the real change in our country near future. Thang Nang Lian Thang jplianthang@gmail.com |
| ဂျပန်နိုင်ငံရှိ နိုင်ငံခြားသားများအတွက် (နာရီ ၆၀) အခြေခံဂျပန်စာသင်တန်းအား အခမဲ့ဖွင့်မည်ဖြစ်ပါသဖြင့်၊ လျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာလိုက်ခြင်း ဖြစ်ပါတယ်။ ※ ဗီဇာ ၁ နှစ်အထက်ရှိသော ဂျပန်နိုင်ငံတွင် အမြဲနေထိုင်မဲ့ ပုဂ္ဂိုလ်များအတွက် ဖွင့်မည့်သင်တန်းဖြစ်ပါတယ်။ ※ သင်တန်းပြီးဆုံးတဲ့အထိ အကြိမ်တိုင်း သင်တန်းတက်ရောက်ပေးကြပါ။ ※ သင်တန်းလျှောက်ထားတဲ့အချိန်တွင် မေးမြန်းစစ်ဆေးခြင်း(Interview)ရှိပါတယ်။ သင်တန်းကာလ ၊၊ ၊၊ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်နေ့ မှ ၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလအထိ ၊ သင်တန်းနေ့ရက် ။ ။ တနင်္လာနေ့၊ အင်္ဂါနေ့၊ သောကြာနေ့ ၊ သင်တန်းအချိန် ။ ။ နံနက် ၈ နာရီ ၄၅ မိနစ်မှ နံနက် ၁၁ နာရီအထိ ၊ သင်တန်းနေရာ ။ ။ Support 21 (Meguroဘူတာမှ(၃)မိနစ်ခန့်လမ်းလျှောက်ရသောနေရာ) ဆက်သွယ်ရန်လိပ်စာ။ ။ (Support 21) Mizoho Bldg 3F, 2-12-2 Kamiosaki, Shinagawa-ku, Tokyo 141-0021 (Tel;03-5449- 1331 / Fax;03-5449-1332 / E-mail;info@support21.or.jp) |









| မြစ်ဆုံရေကာတာကိစ္စ ပြည်သူ့သဘောထား လက်ခံစဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း 2011-09-12 အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ်ဆုံ ရေကာတာကို ဆက်လက် တည်ဆောက်သွားမယ်လို့ ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ သဘောထားကို အစိုးရ အနေနဲ့ လက်ခံစဉ်းစား ညှိုနှိုင်းဆောင်ရွက် သင့်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါတယ်။ |
| 13th Anniversary of CRPP |
| LEARNING JAPANESE LANGUAGE SUPPORT 21 |